အရာတော်မြို့ရှိ စက်မှုလယ်ယာ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့၊ စက်မှုလယ်ယာအကြမ်းဖက်စစ်တပ် ဂိတ်ကို ဒရုန်း ဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က အရာတော်မြို့အနောက်ဘက်အထွက်ရှိ စက်မှု လယ်ယာအကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံး သီးတစ်လုံး ကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း၊ ညနေပိုင်းတွင် လည်း ဗုံးသီး ၂ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ လက်လုပ်ဗုံးသီးဖြစ်သည့်တွက် ပေါက်ကွဲခြင်းမရှိခဲ့ ကြောင်း Danger Force LPDF ထံမှ သိရသည်။
“ဒရုန်းနဲ့ ဗုံးသီးတစ်လုံးကြဲချခဲ့တာ၊ စစ်ခွေး ၂ ကောင်သေတယ်၊ ပြီးတော့ ၃ ကောင်ဒဏ်ရာရတယ်လို့ ကင်းထောက်က သတင်းပို့ပါတယ်၊ တိုက် ခိုက်မခံရအောင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်း တာလဲရှိတယ်၊ ပြန်လှန်ပစ်ခတ်မှု တွေလဲရှိတယ်၊ ကောင်လေးနှစ်ယောက်ဆိုရင် ဖမ်းပြီး လက်ပြန်ကြိုး တုတ် ထားတာ၊ ဖမ်းထားတဲ့သူ အကုန်လုံးကို နေ့လည် ၁၂ နာရီလောက်မှ ပြန်လွှတ်ပေးတာ” ဟု Danger Force LPDF တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ Ngwe Dwin Revolution Force(NDRF)၊ Zero ပြောက် ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့ နှင့် အရာတော် ပကဖ တို့မှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit