Monthly Archives: Jan 2023

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ဆိုသူများကို ဇန်နဝါရီလ ၁၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်သည်။

“တိုက်ပွဲကပြင်းထန်ခဲ့တယ်။ ၈၀ မမ လက်နက်ကြီး အလုံး ၁၀၀ တာဝေးပစ်ရော့ကတ် အလုံး ၃၀ ပစ် ခတ်ပြီး လက်နက်ငယ်များနဲ့ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ။စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်” ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ကျားသစ်နက် တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန့်ဒေါင့်ရဲစခန်းတွင် အခြေချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးရှိကျေးရွားမျာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကြသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“သူတို့က ကန့်ဒေါင့်အနီးဝန်းကျင်ကျေးရွာတွေမှာ ပြည်သူတွေနေလို့မရအောင် အကုန် မီးလိုက်ရှို့တယ်။ ကျတော်တို့ကလည်း နောက်ထပ်ရွာတွေကို မီးမရှို့နိုင်အောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရတာတွေရှိ တယ် “ ဟု ၎င်းကပြောသည်။

ကန့်ဒေါင့်ရဲစခန်းမှ ပျူစောထီးများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လည်း စခန်းအနီးအနားရှိ ကျေးရွာများဖြစ်သည့် သရက်ကန် ၊ တောင်ရွာသစ် ၊ သရက်လှ စသည့်ကျေးရွာ များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကန့်ဒေါင့်နယ်မြေရဲစခန်းသည် ပုလဲ-ဂန့်ဂေါလမ်းမပေါ်တွင်တည်ရှိပြီး အချက်အချာကျသည့်နေရာဖြစ် သည့်အတွက် တော်လှန်ရေးအင်အားစုများကလည်း စခန်းကိုသိမ်းယူနိုင်ရေး နေ့စဉ်ရက်ဆက်သွား ရောက်တိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွှတ်ရရေးအတွက် အင်အားဖြည့် တင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“အဲဒီနေရာက စစ်ရေးဗျူဟာအရ စစ်ကောင်စီအတွက်လည်းအရေးကြီးတယ်။ ပုလဲ -ဂန့်ဂေါလမ်းအတိုင်း ထောက်ပို့တွေသွားချင်တဲ့အခါ ဒီလမ်းမကြီးက သူတို့အတွက်အရေးကြီး လိုအပ်တယ်။ အဲဒီတော့ ကန့်ဒေါင့် ရဲစခန်းကို ဖြိုနိုင်လို့ရှိရင် ပုလဲနယ်အတွက်က အဲဒီအနားမှာရှိတဲ့ ပျူရွာ နှစ်ရွာကို အလွယ်တကူ ဖြို ချနိုင်မယ် “ ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုတစ်ကြိမ်တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်က ဦးဆောင်ကာ ယင်းမာပင်ခရိုင် အမှတ် (၂၈) ဓါးမဆိုင်းတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း MPL အလယ်မြေ ပြောက်ကျားတပ်ဖွဲ့၊ ၊ Gen-21၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရွှေဟင်္သာပြောက်ကျားတပ်ဖွဲ့၊ ခိုင်လေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

ကျောက်ကြီးတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ၈ ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေ ဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ နေ့လည် ၂ နာ ရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၄၃ မိနစ်တွင်တစ်ကြိမ် လယ်ဝိုင်းကြီးရွာသစ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မဟာမိတ်အဖွဲ့ရဲ့ကွက်ကဲမှုနဲ့ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ် ဖွဲ့က တိုက်ခဲ့တာပါ၊ ပစ်မှတ် ၄ ခုကို ဒရုန်းနဲ့ ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်၊ မိုင်းခွဲမှု တစ်ကြိမ်လုပ်ခဲ့တယ်၊ စစ်ခွေး ၈ ကောင်၊ ပျူ ၂ ကောင် သေတယ်၊ ၄ ကောင် ဒဏ်ရာရတယ်၊ စစ်ခွေး ထောက်ပို့တံတားတစ်ခုပျက်စီးခဲ့ပါတယ်၊ စစ်ခွေး တချို့ ထိ ခိုက်သေဆုံးမှုတွေရှိနိုင်ပါသေးတယ်” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီတွင် ကျောက်ကြီး- နတ်သံ ကွင်း လမ်းမပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုံသတောတံတား ပျက် စီးကာ စစ်ကောင်စီ တပ်သား(၄)ဦးနှင့် ပျူ‌စောထီး(၂) ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပျက်စီးသွားသည့် ဘုံသတောတံ တားကို လာရောက်ပြင်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို နံ နက် ၇ နာရီ ၄၄ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီ မိနစ် ၅၀ တွင် တစ် ကြိမ် ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောက်ပို့အဖြစ် အသုံးပြုနေသော နရွဲပင်တံတားကို PDF တပ်ရင်း ၃၇၀၂၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ ၁ က မိုင်းဖြင့် ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း သိရသည်။khit thit

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ထိုင်းစစ်ဦးစီးချုပ်တို့ လာမည့်သတင်းကြောင့် ရခိုင်တွင် လုံ ခြုံရေး တင်းကျပ်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ လာရောက်မှာကြောင့် လုံခြုံရေး တင်ကျပ်ထားပြီး ဈေးဆိုင်ခန်း ၂၀ လောက် ဖျက်သိမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးလေ့လာသူစစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“စစ်တွေကို မင်အောင်လှိုင်လာမယ်လို့တော့ ကြားတယ်ဗျ။ စစ်တွေမြို့က လမ်းတွေကို နိုင်လွန်ကပ်တရာခင်းနေတာတွေရှိတယ်။ ထွေအုပ်ရုံးရှေ့လမ်းတလျှောက်မှာ မျဥ်းကြာတွေ ရေးဆွဲတာတို့၊ ပလပ်ဖောင်းတွေ ဆေးရောင်သုတ်တာတို့၊ ရွှေသဘာဝဓာတ်ငွေ့ကပေးတဲ့ အမှိုက်ပုံးအသစ်တွေချပေးတာတွေ တွေ့နေရတယ်” လို့ စစ်တွေဒေသခံ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

သံတွဲမြို့ကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး အောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်နေ့ လာရောက်ကြမှာဖြစ်တဲ့အတွက် သံတွဲမဇင် လေဆိပ်မှ ဂျိတ္တောရပ်ကွက်အထိ မင်းဘာကြီးလမ်းရှိ လမ်းဘေးတလျှောက် စျေးဆိုင်ခန်း ၂၀ လောက် အဖျက်ခံလိုက်ရသလို လုံခြုံရေးအတွက် ရေတပ်စစ်သင်္ဘောတွေနဲ့ စစ်တပ်အင်အား ကြိုတင်နေရာချထားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“စကစ ဥက္ကဋ္ဌ မင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နန်ဝါရီ ၁၉ မှာလာမယ်လို့ သိရတယ်ဗျ။ မြဝတီ ရုပ်သံရိုက်ကူးရေးအဖွဲ့သားတွေတောင် ရောက်နေကြပြီ။ သူတို့လာမယ်ဆိုပြီး သံတွဲလေဆိပ်ကနေ ဂျိတ္တောတစ်ရောက်အထိ ဆိုင်ခန်း ၂၀ လောက်ကို ဇန်နဝါရီ ၁၀ နေ့က ဖြိုဖျက်ပေးခဲ့ရတယ်။ နောက်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က စက်လက်နက်နဲ့ လူအင်အားတွေ တိုးချပြီးတာတွေပဲ ရှိတယ်” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်ရှိတဲ့အတွက် သံတွဲမြို့၊ မင်းဘာကြီးလမ်းမတစ်လျှောက်ရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် စတဲ့ စုစုပေါင်း စျေးဆိုင်ခန်း ၂၀ ကျော် ဇန်နဝါရီ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ဖြိုဖျက်ပေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တပ်မတော်လေယာဉ်တွေနဲ့ သယ်ယူလာတဲ့ စစ်လက်နက် အသုံးအဆောင်တွေအား အမှတ် (၅၅) တပ်ရင်းကို ပြောင်းရွှေ့သယ်ယူခဲ့ကြသလို သံတွဲလေဆိပ် နဲ့ ငပလီကမ်းခြေမှာလည်း လုံခြုံရေးထူထပ်စွာချထားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရခိုင်ခရီးစဉ်မှာ သံတွဲအပြင် စစ်တွေ၊ ကျောက်ဖြူ နဲ့ တခြားမြို့နယ်တချို့သို့လည်း သွားရောက်ဖို့ရှိတယ်လို့ သတင်းတွေေ ထွက်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သံတွဲမှ ကျောက်ဖြူမြို့၊ ခမရ တပ်ရင်း ၅၄၂ နဲ့ ကျောက်ဖြူစီးပွားရေးဇုန် အပြင် GTC ကျောင်းနဲ့ ကျောက်ဖြူမြို့ အခြေအနေကို စစ်ဆေးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့အား လာရောက်မှာဖြစ်တဲ့အတွက် ရှေ့ပြေးအနေနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးတဦး စစ်တွေမြို့ကို ရောက်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆီက သိရှိရပါတယ်။ DVB

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ‌ပေးနေသည့် KTV မိုင်းဆွဲခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပွင့်ဖြူလမ်းမ၊ အောက်ဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးနေသည့် ဆုံဆည်းရာ KTV ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Oak Awe UG Group မှ ကိုဥဩက ပြောသည်။

“အဲဒီ KTV ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်ဖြစ်တယ်။ နောက်ပြီး အဲဒီ KTV က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အမြဲတမ်းသွားလာကြတယ် အကောင်ကြီးတွေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ခေါ်ပြီး လုံခြုံရေးယူခိုင်းထားတာ။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြု နိုင် သေးကြောင်းနှင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ တင်းကြပ်စွားချထားကြောင်း သိရသည်။

တိုက်ခိုက်မှုကို Oak Awe UG Group နှင့် Black Hawk Seikphyu Revolution Frontအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ယင်းမဟာမိတ်တပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်း၍ ဆိပ်ဖြူ-ဆော၊ ဆိပ်ဖြူ-ပခုက္ကူ လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ ရိက္ခာတင်ကား ကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။mizzima

ဆားလင်းကြီးတွင် ကျေးရွာကို မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

စစ်ကိုင်းတို်ငး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးသော အကြမ်းဖက်စစ်သား များအားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၇ ဦးသေဆုံးသွားကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ် သားများသည် ဖောင်းကထာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို ဝင်ရောက်မီးရှိုဖျက်ဆီးနေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ရုတ်တ ရက် အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၉ ဦး အပြင်း အထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ဘယ်လောက်နီးသလဲ ဆိုရင် အိမ်ရှေ့နဲ့အိမ်နောက်ဖေးလောက်ပဲ ဝေးတာ၊ စကားဝှက် မေးတဲ့အချိန် မှာ စစ်ခွေးတွေက ၄၀ မမနဲ့ စပစ်တယ်၊ ကျနော်တို့ဘက် ကလည်း စက်လတ်နဲ့ အော်တိုဆွဲတဲ့အချိန်မှာ စစ်ခွေး တွေသေတာ၊ အဲအချိန်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပြင်းပြင်း ထန် ထန် တိုက်ပွဲဖြစ်ခဲ့တာ၊ ကျနော်တို့တပ်ပေါင်းစုဘက်ကလည်း ရဲဘော်တစ်ဦးဒဏ်ရာရတယ်” ဟု Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့)မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိခိုက်သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ထမ်းစင်များဖြင့် ထမ်းကာ ညောင်ပင်ကြီး ရဲစခန်း သို့ သယ်ဆောင်သွားကြောင်း၊ ယင်းမှတဆင့် မုံရွာမြို့ဘက်သို့ ပို့ဆောင်လိုက်ကြောင်း၊ တိုက်ပွဲအတွင်း အထိနာသွားသည်ကို မကျေမနပ်ဖြစ်သော အကြမ်းဖက်စစ်သားများက ယနေ့အထိ စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)မှ ဦးဆောင်ကာ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force PDF ၊ မုံရွာခရိုင်တပ်ရင်း – ၇ ၊ (Lighting People Defense Force)၊ Salingyi Revolution Army (SRA)၊ ချင်းတွင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ Fight For Freedom (F3)၊ ဓားမဆိုင်းတပ်မတော်(DMSA) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit

စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့ပွဲ လက်နက်ကြီးဖြင့် ပစ်ခံရ 

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက်  (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီက စီစဉ်ကျင်းပနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့  လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားအနည်းဆုံး ၈ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ  လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ လောက် အကွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ  ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ပါဝင်ပြီး အရပ်သား အမျိုးသား  ၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နှယောက် ထိခိုက် ဒဏ်ရာရတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ KNPP အဖွဲ့နှင့် PDF တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သက်သေမရှိဘဲ စွပ်စွဲထုတ်ပြန်ထားပြီး စွပ်စွဲခံရတဲ့ အဖွဲ့တွေဘက်ကိုတော့ လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ DVB

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော ပျူစောထီးကျေးရွာ လက်နက်ကြီးဖြင့် တိုက် ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်တပ်စခန်ချတပ်စွဲထားသည့် ပျူစောထီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက်မှုများရှိခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီအဖွဲ့ဝင် အင်အား ၁၈၀ ခန့် ရှိသော မြိုင်မြို့နယ်တောင်ပိုင်း သ ရက်ကန်ရွာပျူစောထီးစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ပစ်ခတ်ချိန် မိနစ် ၃၀ အတွင်း လက်လုပ်လက်နက်ကြီးများဖြစ်သော ၁၂၀ မမ ၊ ၁၀၀ မမ နှင့် ရော့ကက် တို့ဖြင့် အချက် ၈၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ အများအပြားထိခိုက် ဒဏ်ရာရရှိသွားပြီး ၎င်းတို့အထဲမှ လေးဦးသေဆုံးနိုင်ကြောင်း မြေပြင်သ တင်းထောက်လှမ်းရေးထံမှ သိရှိရ ကြောင်း ဖော်ပြထားသည်။

သရက်ကန်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း လက်နက်ကြီးငယ်များ ဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ရာ ကာကွယ် ရေးရဲဘော်တစ်ဦး လက်နက်ကြီးယမ်းစထိမှန်ကာ လက်မောင်းတွင် အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်ညီနောင်များဖြစ်သော မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (တပ်ရင်း၁)တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၄)၊ စင်္ကြာ ဒေသကာကွယ် ရေးတပ်ဖွဲ့၊ မုန်းတိုင်းတပ်ဖွဲ့၊ အောင်ကြီးတပ်ဖွဲ့၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors ၊ Hero New GZ တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အဆိုပါ သရက်ကန်ပျူစောထီးစခန်းကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ မဟာမိတ်ညီနောင်များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။mizzima

ရှမ်းပြည်နယ်၊ သိန္နီတွင် MNDAA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး၊ ပုလဲတွင် ရွေး ကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အထူးဒေသ ၁ မူပန်ခရိုင်၊ သိန္နီဒေသတွင် စစ်ကောင် စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲတွင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ဇန်န ဝါရီလ ၁၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်မှစ၍ အကြမ်း ဖက်စစ်တပ်က လူနာတင်ယာဉ်များနှင့် စစ် ယာဉ်များသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အသွားအပြန်လုပ် သယ်ယူသွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် MNDAA တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၁ နာရီ ၃၄ မိနစ်အချိန် စစ်တပ်နှင့် MNDAA တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲအချိန် ၁ နာရီခွဲခန့်အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ရဲအများအပြားဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ကို လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီခွဲခန့်က ပုလဲမြို့၊ မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီး၌ အရပ်သား ဝန်ထမ်း ၆ ဦးနှင့် စစ်သား၊ ရဲများက တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေစဉ် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနက်ရဲခေါင်တပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်ကူလာသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။ khit thit

« Older Entries