ကုက္ကိုစုရွာမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့ကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် ၂ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစု ပျူရွာမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း Regional Defense Force -Pauk မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက ‘’ ကျတော်တို့ ၁၁ ရက်နေ့ ညဦးပိုင်းကတည်းက ကြိုတင်သတင်းရလို့ ညကတည်းကစောင့်ပြီး နောက်နေ့ မနက်ပိုင်း ဒီကောင်တွေကင်းပတ်တာလား ရေပြာစခန်းကို ကူးတာလားမသိဘူးဗျ၊ ထွက်လာတာနဲ့ အသင့်ထောင်ထားတဲ့ မိုင်းတွေ နဲ့ တိုက်ခိုက်ခဲ့တာ “ ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ဝင်များသည် ထိခိုက်မှုများပြီး ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Regional Defense Force -Pauk အဖွဲ့က ဆိုသည်။

ကုက္ကိုစုကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများသည် အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ မိးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင်ပစ္စည်းများကို လုယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်းသိရသည်။

“ကုက္ကိုစု ပျူတွေက စခ(စစ်ကောင်စီတပ်သား)တွေနဲ့ ပေါင်းပြီး မြို့နယ်အတွင်းလိုက်လံမီးရှို့တယ်၊ ပြည်သူပိုင်ပစ္စည်းတွေကိုသိမ်းတယ်၊ စစ် ဆေးရေးဂိတ်တွေ ဖွင့်ပြီး အမျိုးမျိုးဒုက္ခပေးတယ် “ ဟု Regional Defense Force -Pauk မှ တာဝန်ရှိသူက ပြောသည်.

ယခုတိုက်ခိုက်မှုကို Regional Defense Force -Pauk ၊ နွေဦးညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ စသည့် အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s