ကြံ့ဖွံ့အမတ်လောင်း၏ ကိုယ်ပိုင်ကျောင်း ၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအရှေ့ဘက်ရှိ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ပိုင်ဆိုင်သော ရဲမာန်ကိုယ်ပိုင်အထက်တန်း ကျောင်းရှေ့၌ ဂိတ်ချ၍စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း Kanbalu Underground Warrior အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကြံ့ခိုင်ရေးပါတီမှအမတ်လောင်းတစ်ဦး ပိုင်ဆိုင်သည့်ကျောင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျောင်းအတွင်း၌ တပ်စွဲနေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

“ကျတော်တို့ ၁၂၀ မမ နဲ့ လေးချက်ပစ်ခတ်ခဲ့တာ ပစ်မှတ်ကိုထိတယ်လို့ပြောလို့ရတယ်။ အဆောက်အဦး တစ်ခုပြိုကျသွားတယ်လို့ ကြားတယ်” ဟု Kanbalu Underground Warrior အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုအခြေအနေကို မသိရှိသေးကြောင်းနှင့် ပစ်ခတ်ချိန်တွင် စာသင်ကြားနေသည့် ကျောင်းသားများမရှိကြောင်း Kanbalu Underground Warrior အဖွဲ့က ဆိုသည်။

ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး များသည် ကျောင်းရှေ့တွင်ဂိတ်ချစစ် ဆေးခြင်းများပြုလုပ်နေပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်း ထိုးခြင်း၊ ပြည်သူများ၏ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၆၀ မမ ရှစ်လုံး ၊ ၁၂၀ မမနှစ်လုံးဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း Kanbalu Underground Warrior အဖွဲ့က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s