စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့ပွဲ လက်နက်ကြီးဖြင့် ပစ်ခံရ 

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက်  (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီက စီစဉ်ကျင်းပနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့  လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားအနည်းဆုံး ၈ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ  လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ လောက် အကွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ  ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ပါဝင်ပြီး အရပ်သား အမျိုးသား  ၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နှယောက် ထိခိုက် ဒဏ်ရာရတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ KNPP အဖွဲ့နှင့် PDF တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သက်သေမရှိဘဲ စွပ်စွဲထုတ်ပြန်ထားပြီး စွပ်စွဲခံရတဲ့ အဖွဲ့တွေဘက်ကိုတော့ လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s