ဆားလင်းကြီးတွင် ကျေးရွာကို မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

စစ်ကိုင်းတို်ငး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးသော အကြမ်းဖက်စစ်သား များအားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၇ ဦးသေဆုံးသွားကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ် သားများသည် ဖောင်းကထာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို ဝင်ရောက်မီးရှိုဖျက်ဆီးနေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ရုတ်တ ရက် အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၉ ဦး အပြင်း အထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“ဘယ်လောက်နီးသလဲ ဆိုရင် အိမ်ရှေ့နဲ့အိမ်နောက်ဖေးလောက်ပဲ ဝေးတာ၊ စကားဝှက် မေးတဲ့အချိန် မှာ စစ်ခွေးတွေက ၄၀ မမနဲ့ စပစ်တယ်၊ ကျနော်တို့ဘက် ကလည်း စက်လတ်နဲ့ အော်တိုဆွဲတဲ့အချိန်မှာ စစ်ခွေး တွေသေတာ၊ အဲအချိန်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပြင်းပြင်း ထန် ထန် တိုက်ပွဲဖြစ်ခဲ့တာ၊ ကျနော်တို့တပ်ပေါင်းစုဘက်ကလည်း ရဲဘော်တစ်ဦးဒဏ်ရာရတယ်” ဟု Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့)မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိခိုက်သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ထမ်းစင်များဖြင့် ထမ်းကာ ညောင်ပင်ကြီး ရဲစခန်း သို့ သယ်ဆောင်သွားကြောင်း၊ ယင်းမှတဆင့် မုံရွာမြို့ဘက်သို့ ပို့ဆောင်လိုက်ကြောင်း၊ တိုက်ပွဲအတွင်း အထိနာသွားသည်ကို မကျေမနပ်ဖြစ်သော အကြမ်းဖက်စစ်သားများက ယနေ့အထိ စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)မှ ဦးဆောင်ကာ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force PDF ၊ မုံရွာခရိုင်တပ်ရင်း – ၇ ၊ (Lighting People Defense Force)၊ Salingyi Revolution Army (SRA)၊ ချင်းတွင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ Fight For Freedom (F3)၊ ဓားမဆိုင်းတပ်မတော်(DMSA) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit