ထားဝယ်-ထီးခီးလမ်းပိုင်တွင် ဆိုင်ကယ်စီးလာသူ ၂ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းပိုင်း၌ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ၁၀ ချက်နီး ပါး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် တစ်ဦးကျဉ်ထိမှန်ပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှသိရ သည်။
ဖမ်းဆီးခံရသူမှာ ကိုပြည့်စုံ(ခ)ကိုတေဖြစ်ပြီး ဝမ်းဗိုက်နှင့်ခြေထောက်တွင်ကျည်ထိမှန်ပြီး စစ်ကောင်စီ တပ်သားများမှဖမ်းဆီးကာ ပကာရီရဲ စခန်းသို့ ပို့ဆောင်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပကာရီရွာဒေသခံတစ်ဦးက “အခင်းဖြစ်တဲ့နေ့က စစ်သားလေးဦး ခြေရှုပ်နေတာတွေ့ရတယ်။ အဲ့ချိန်မှာ လူငယ်နှစ်ဦး ဆိုင်ကယ်စီးလာတာတွေ့ရတော့ သေနတ်နဲ့လိုက်ပစ်တာ၊ တစ်ယောက် အဖမ်းခံလိုက်ရပြီး တစ်ယောက်ကတော့ လွတ်သွားတယ်”ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူထံမှ ဖုန်းအားစစ်ဆေးပြီး စစ်ကောင်စီတပ်သားများက ဖုန်းအတွင်းရှိအချက် အလက်များကိုယူပြီး ၎င်းနှင့် ပတ် သက် ဆက်နွယ်သူများကို ဖုန်းဆက်ထောင်ခြောက်ဆင် ဖမ်းဆီးရန်ပြု လုပ်နေကြောင်းလည်း ဒေသခံများ၏ ပြောကြာချက်အရ သိရသည်။mizzima