နယ်မြေမအေးချမ်းမှုကြောင့် ပလမြို့မှ ကမ္ဘာ့ရတနာဘဏ်ပိတ်ထားရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား နယ်မြေမလုံ ခြုံမှုအကြောင်းပြချက်ဖြင့် ပိတ်ထားရကြောင်း မြို့ခံများထံမှ သိရသည်။
ပလမြို့မှ ကမ္ဘာ့ရတနာဘဏ်ခွဲကို ပြီးခဲ့သည့်ရက်ပိုင်းကပိတ်လိုက်ပြီး ဘဏ်ဝန်ထမ်းအချို့ကိုမူ အခြား ဘဏ်ခွဲများ၌ တာဝန်ထမ်းဆောင်ရန်စီစဉ်ထားကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။
ပလမြို့ ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းတစ်ဦးက “ပြီးခဲ့တဲ့သောကြာနေ့က ပိတ်လိုက်တာပါ။ ဝန်ထမ်းတွေကို တော့ အခြားမြို့နယ်တွေမှာရှိတဲ့ဘဏ်တွေမှာ သွားလုပ်ရမယ်လို့သိရတယ်၊ ဘယ်ရောက်မယ်ဆိုတာ တော့ မသိရသေးဘူး”ဟု ပြောသည်။
ပလမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလက ပလရဲစခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လေးကြိမ်ထက် မနည်း ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ပလမှာ ဘဏ်ဆိုလို့ဒီဘဏ်တစ်ခုပဲရှိတာပါ။ အခြားဘဏ်မရှိတော့ လုပ်ငန်းရှင်တွေ အခက်အခဲအချို့ တော့ ရှိကောင်းရှိသွားနိုင်တယ်” ဟု ပလမြို့ခံတစ်ဦးက ပြောသည်။
အလားတူ ပုလောမြို့တွင်လည်း ဘဏ်အချို့ပိတ်ထားရန် သတင်းများထွက်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။mizzima