ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ဆိုသူများကို ဇန်နဝါရီလ ၁၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်သည်။
“တိုက်ပွဲကပြင်းထန်ခဲ့တယ်။ ၈၀ မမ လက်နက်ကြီး အလုံး ၁၀၀ တာဝေးပစ်ရော့ကတ် အလုံး ၃၀ ပစ် ခတ်ပြီး လက်နက်ငယ်များနဲ့ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ။စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်” ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ကျားသစ်နက် တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကန့်ဒေါင့်ရဲစခန်းတွင် အခြေချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးရှိကျေးရွားမျာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကြသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
“သူတို့က ကန့်ဒေါင့်အနီးဝန်းကျင်ကျေးရွာတွေမှာ ပြည်သူတွေနေလို့မရအောင် အကုန် မီးလိုက်ရှို့တယ်။ ကျတော်တို့ကလည်း နောက်ထပ်ရွာတွေကို မီးမရှို့နိုင်အောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရတာတွေရှိ တယ် “ ဟု ၎င်းကပြောသည်။
ကန့်ဒေါင့်ရဲစခန်းမှ ပျူစောထီးများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လည်း စခန်းအနီးအနားရှိ ကျေးရွာများဖြစ်သည့် သရက်ကန် ၊ တောင်ရွာသစ် ၊ သရက်လှ စသည့်ကျေးရွာ များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကန့်ဒေါင့်နယ်မြေရဲစခန်းသည် ပုလဲ-ဂန့်ဂေါလမ်းမပေါ်တွင်တည်ရှိပြီး အချက်အချာကျသည့်နေရာဖြစ် သည့်အတွက် တော်လှန်ရေးအင်အားစုများကလည်း စခန်းကိုသိမ်းယူနိုင်ရေး နေ့စဉ်ရက်ဆက်သွား ရောက်တိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွှတ်ရရေးအတွက် အင်အားဖြည့် တင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
“အဲဒီနေရာက စစ်ရေးဗျူဟာအရ စစ်ကောင်စီအတွက်လည်းအရေးကြီးတယ်။ ပုလဲ -ဂန့်ဂေါလမ်းအတိုင်း ထောက်ပို့တွေသွားချင်တဲ့အခါ ဒီလမ်းမကြီးက သူတို့အတွက်အရေးကြီး လိုအပ်တယ်။ အဲဒီတော့ ကန့်ဒေါင့် ရဲစခန်းကို ဖြိုနိုင်လို့ရှိရင် ပုလဲနယ်အတွက်က အဲဒီအနားမှာရှိတဲ့ ပျူရွာ နှစ်ရွာကို အလွယ်တကူ ဖြို ချနိုင်မယ် “ ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုတစ်ကြိမ်တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်က ဦးဆောင်ကာ ယင်းမာပင်ခရိုင် အမှတ် (၂၈) ဓါးမဆိုင်းတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း MPL အလယ်မြေ ပြောက်ကျားတပ်ဖွဲ့၊ ၊ Gen-21၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရွှေဟင်္သာပြောက်ကျားတပ်ဖွဲ့၊ ခိုင်လေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima