မန္တလေးမြို့အနီးဗဟိုပြု၍ မြေငလျင်လှုပ်ခတ်

မန္တလေးမြို့နှင့်တစ်မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်သွားသည်ဟု သိရသည်။
အဆိုပါမြေငလျင်နှင့်ပတ်သက်၍ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်နှင့် ၈ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းနှင့် ရှစ်မိုင်ခန့်အကွာ ပြည် ကြီးတံခွန်မြို့နယ်၏ အနောက်တောင်ဘက်တစ်မိုင်ခန့်အကွာကိုဗဟိုပြု၍ အင် အားရစ်(ခ်ျ)တာ စကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမြေငလျင် လှုပ်ခတ်မှုကို မန္တလေးမြို့နှင့်အနီးတစ်ဝိုက် သိရှိခံစားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
“ဒုန်းကနဲ ဆွဲခါရမ်းလိုက်သလိုပဲ ဆွဲခါချလိုက်တဲ့ ခံစားမှုကြီးပေ့ါ၊ စစ်ကိုင်းဘက်လည်း ခပ်ပြင်းပြင်း ခံစား လိုက်ရတယ်လို့ ပြန်သိရတယ်၊ ဖေ့စ်ဘုတ်အရဆိုရင် မန္တလေးနဲ့အနီးတဝိုက် မတ္တရာ၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ တံတားဦး၊ အင်း၀ အကုန်သိသိသာသာကြီး ခံစားလိုက်ရတယ်” ဟု မြေငလျင်သတင်းစောင့် ကြည့်သူ မြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း တံတားဦးမြို့နယ်အနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်အဖြစ် ငါး ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သေးသည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် မင်းကွန်းဒေသရှိ ခြင်္သေရုပ်တုနှင့် မန္တလေးမြို့ရှိ ဆင်ဖြူတော် ရုပ်တုတို့အပါအ၀င် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ အင်းဝဒေသတို့မှ ဘုရား၊ စေတီ၊ ပုထိုး နှင့် ဘုန်းတော် ကြီးကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။mizzima