မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော ပျူစောထီးကျေးရွာ လက်နက်ကြီးဖြင့် တိုက် ခိုက်ခံရ
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်တပ်စခန်ချတပ်စွဲထားသည့် ပျူစောထီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက်မှုများရှိခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီအဖွဲ့ဝင် အင်အား ၁၈၀ ခန့် ရှိသော မြိုင်မြို့နယ်တောင်ပိုင်း သ ရက်ကန်ရွာပျူစောထီးစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ပစ်ခတ်ချိန် မိနစ် ၃၀ အတွင်း လက်လုပ်လက်နက်ကြီးများဖြစ်သော ၁၂၀ မမ ၊ ၁၀၀ မမ နှင့် ရော့ကက် တို့ဖြင့် အချက် ၈၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ အများအပြားထိခိုက် ဒဏ်ရာရရှိသွားပြီး ၎င်းတို့အထဲမှ လေးဦးသေဆုံးနိုင်ကြောင်း မြေပြင်သ တင်းထောက်လှမ်းရေးထံမှ သိရှိရ ကြောင်း ဖော်ပြထားသည်။
သရက်ကန်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း လက်နက်ကြီးငယ်များ ဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ရာ ကာကွယ် ရေးရဲဘော်တစ်ဦး လက်နက်ကြီးယမ်းစထိမှန်ကာ လက်မောင်းတွင် အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်ညီနောင်များဖြစ်သော မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (တပ်ရင်း၁)တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၄)၊ စင်္ကြာ ဒေသကာကွယ် ရေးတပ်ဖွဲ့၊ မုန်းတိုင်းတပ်ဖွဲ့၊ အောင်ကြီးတပ်ဖွဲ့၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors ၊ Hero New GZ တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အဆိုပါ သရက်ကန်ပျူစောထီးစခန်းကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ မဟာမိတ်ညီနောင်များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။mizzima