ရှမ်းပြည်နယ်၊ သိန္နီတွင် MNDAA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး၊ ပုလဲတွင် ရွေး ကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အထူးဒေသ ၁ မူပန်ခရိုင်၊ သိန္နီဒေသတွင် စစ်ကောင် စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲတွင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ဇန်န ဝါရီလ ၁၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်မှစ၍ အကြမ်း ဖက်စစ်တပ်က လူနာတင်ယာဉ်များနှင့် စစ် ယာဉ်များသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အသွားအပြန်လုပ် သယ်ယူသွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် MNDAA တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၁ နာရီ ၃၄ မိနစ်အချိန် စစ်တပ်နှင့် MNDAA တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲအချိန် ၁ နာရီခွဲခန့်အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ရဲအများအပြားဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ကို လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီခွဲခန့်က ပုလဲမြို့၊ မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီး၌ အရပ်သား ဝန်ထမ်း ၆ ဦးနှင့် စစ်သား၊ ရဲများက တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေစဉ် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနက်ရဲခေါင်တပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်ကူလာသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s