FFD-Drone တပ်ဖွဲ့က KNU ပူးပေါင်းတပ်နှင့်အတူ စစ်ကောင်စီ၏ အရေးပါသောခြေကုပ်စ ခန်းများကို တိုက်ခိုက်နေ

ကရင်ပြည်နယ် ကရင့်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်စခန်းများကို KNU ပူးပေါင်းတပ်နှင့် FF-Drone တပ်ဖွဲ့တို့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ နေ့စဉ်နီးပါးတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီစခန်းများကို FFD-Drone အဖွဲ့မှ တစ်လအတွင်း ဗုံးအလုံး ၁,၀၀၀ ကျော် ကြဲချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများစွာရှိကြောင်း FFD-Drone တပ်ဖွဲနှင့်နီးစပ်သူထံမှ သိရသည်။
“KNLA ရဲ့ဦးဆောင်မှု့နဲ့ စစ်မျက်နှာ လေး ငါးခုဖွင့်ပြီး အင်အားအပြည့်နဲ့တိုက်ခိုက်နေပါတယ်။ ရန်သူ့ဘက် ကိုလည်း ကောင်းကောင်းထိုးနှက်နေနိုင်တယ်။ တိုက်ပွဲတွေကတော့ ဆက်တိုက်ပြင်းထန်နေပြီး ရန်သူ ရော မိမိတို့ဘက်ကပါ အထိအခိုက်အကျအဆုံးတွေ ရှိနေတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက် နက်ကြီးတွေ အများအပြားအသုံးပြုပြီး စခန်းတွေလက်မလွှတ်ရရေး အသည်းအသန်ကြိုးစားနေရတယ်။ အပစ်မဲ့ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက တိုက် ခိုက်နေတဲ့အတွက် ပြည်သူတွေအသက်ဆုံးရှုံတာတွေရှိနေပါတယ်”ဟု FFD-Drone တပ်ဖွဲ့မှ ဒေါက်တာ အောင်အောင်မှ ပြောသည်။
FFD-Drone တပ်ဖွဲ့၏ တိုက်ခိုက်မှုအကြိမ်ရေနှင့် တိုက်ခိုက်သည့်နေရာများကို လုံခြုံရေးအရ အတည်ပြု ပြောကြားနိုင်ခြင်းမရှိပေ။
စစ်ကောင်စီတပ်၏ မဲဝိုင်စခန်းကို KNU ပူးပေါင်းတပ်မှ ဇန်နဝါရီလပထမအပတ်မှစတင်ကာ နေ့စဉ်တိုက် ခိုက်မှုပြုလုပ်နေပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ရှစ်စီးအထိအသုံးပြုကာ ခုခံကာကွယ်နေသည့်အတွက် စခန်းကို အပြီးသတ်မသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
မဲဝိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ သလို KNU ပူးပေါင်းတပ်မှလည်း ခြောက်ဦးကျဆုံး၍ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း သိရသည်။ mizzima