Monthly Archives: Jan 2023

ရန်ကုန်တွင် ဆန်တအိတ်ကို ကျပ် ၁ သောင်းကျော်အထိ ဈေးထပ်တက်

ရန်ကုန်မှာ လွတ်လပ်ရေးနေ့နောက်ပိုင်းကနေစပြီး ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၁၂၀၀၀ လောက်အထိ ဈေးတက်နေတယ်လို့ ရန်ကုန်မြို့က ဆန်ရောင်းချနေသူတွေက ပြောပါတယ်။

လွတ်လပ်ရေးနေ့မတိုင်ခင်က ရွှေဘိုပေါ်ဆန်းတအိတ်ကို အိမ်အရောက်ပို့ခအပါအဝင် ကျပ် ၇ သောင်း ဝန်းကျင်သာရှိပေမယ့် လွတ်လပ်ရေးနေ့နောက်ပိုင်းကစလို့ တပတ်ကျော်အတွင်း ကျပ် ၈ သောင်း ၄ ထောင်လောက်အထိ ဈေးတက်လာပြီး တခြား ဆန်အမျိုးအစားတွေလည်း ဈေးတက် နေတယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့မှာ ဆန်ရောင်းချနေသူတဦးက “လွတ်လပ်ရေးနေ့မတိုင်ခင်က အိမ်အရောက်ကို ၇ သောင်းလောက်နဲ့ရသေးတယ် ။အခုက ၈ သောင်း ၄ ထောင်လောက်နဲ့မှ ရတော့တယ်။ တပတ်ကျော် အတွင်းမှာ ၁ သောင်းကျော်လောက်တက်လာတယ်။ ဘာလို့ တက်တာလဲတော့ မသိဘူး။ တခြားဆန်ဈေးတွေကလည်း လိုက်တက်နေတယ်”လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ဆန်ဈေးတွေ တအိတ်ကို ကျပ် ၁ သောင်းကျော်အထိ မြင့်တက် ခဲ့တဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်းတအိတ်ကို ပြင်ပပေါက်ဈေးနဲ့ သိပ်မကွာတဲ့ ဈေးနှုန်းနဲ့ရောင်းချပေးခဲ့ရဖူးပါတယ်။

၂၀၂၂ ခုနှစ်က တက်ခဲ့တဲ့ ဆန်ဈေးနှုန်းတွေဟာ အခုနှစ်အထိ ပြန်ကျတာမျိုး မရှိဘဲ တအိတ်ကို ကျပ် ၁ သောင်းကျော်လောက် ထပ်မံဈေးတက်လာတဲ့အတွက် ပြည်သူတွေအပြင် ဆန်ရောင်းချ နေသူတွေအနေနဲ့ လိုသလောက်မှာ ယူလို့ မရနိုင်တော့တဲ့အခြေအနေကြောင့် ဈေးကွက်အ တွင်း အတော်လေး ဂယက်ရိုက်ခတ်နေတယ်လို့ သိရပါတယ်။DVB

နေပြည်တော်တွင် ဗုံးသီးများတွေ့ရှိပြီး ရန်ကုန်မှာ ဗုံးတပ်ဆင်ထားသော ဒရုန်းတချို့ ဖမ်းဆီးရမိဟု စစ်တပ်က သတင်းထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ထားသော နေပြည်တော်တွင် ဗုံးသီးများတွေ့ရှိရပြီး ရန်ကုန်တွင်လည်း ဗုံးတပ်ဆင်ထားသော ဒရုန်းတချို့ ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ နေပြည်တော်၊ သမဝါယမဝန်ကြီးဌာန ရုံးအနီးတွင် လက်နက်ဖြင့် ပစ်ခတ်ရသော ဗုံးသီး ၅ လုံးတွေ့ရှိခဲ့ရပြီး ယင်းတွေ့ရှိမှုကြောင့် ဝန်ကြီးဌာနအနီး လုံခြုံရေးတိုးမြှင့်မှုများရှိနေကြောင်း၊ ဝန်ထမ်းတချို့မှာလည်း ရုံးတက်ရန် မဝံ့မရဲဖြစ်နေကြကြောင်း နေပြည်တော်သမဝါယဝန်ကြီးဌာန ဝန်ထမ်းများထံမှ သိရှိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် အင်းလျားကန်ဘောင်အနီးတွင် ဗုံးတပ်ဆင်ထားသော ဒရုန်းတစ်စီးပျက်ကျနေသည်တွေ့ရှိရကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

စစ်လော်ဘီတချို့က အင်လျားကန်ဘောင်အနီးတွင် ဗုံးတပ်ထားသည့် ဒရုန်းလေယာဉ် ၁ စင်း၊ မြောက်ဥက္ကလာတွင် ဒရုန်းလေယာဉ် ၁ စင်း၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ အရှေ့တောင်ဘက်တွင် ဒရုန်း ၆ စီးတွေ့ရှိ ဖမ်းဆီးရမိကြောင်း သတင်းဖြန့်ဝေနေကြသည်။

ရန်ကုန်ခေတ်သစ်က စစ်တပ်သတင်းရင်းမြစ်တချို့ထံ ဗုံးတပ်ဆင်ထားသော ဒရုန်းလေယာဉ်များ ရန်ကုန်တွင် တွေ့ရှိမှု ကိစ္စကို ဆက်သွယ် မေးမြန်းရာ လက် ရှိ တွင် အသေးစိတ်မသိရသေးကြောင်း၊ ပြည်နယ်/တိုင်းအရေးကြီး ဌာနရုံးတွင် ဒရုန်း ပစ်ချသည့်လက်နက်နှင့် ဒရုန်းဆက် သွယ်ရေး ဖြတ်တောက်သည့် ဂျန်မာ ထားရှိရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ပြောဆိုသည်။ khit thit

ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူ ကားလမ်းမကြီးကို ၁ ပတ်ခန့် အသုံးမပြုရန် KNU တား မြစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူကို ဆက်သွယ်ထားသော ကားလမ်းမကြီး ကို တစ်ပတ်ကြာ အသုံးပြုခွင့်ယာယီကန့်သတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) က ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တားမြစ်စာထုတ်ပြန်လိုက်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၍ ခရီးသွားပြည်သူများ ခရီးသွားရာ တွင် အန္တရာယ်ရှိသည့် အခြေအနေဖြစ်၍ လုံးဝဖြတ်သန်းမသွားကြရန် KNU က သတိပေးချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကားလမ်းမကြီးအား ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဖြတ်သန်းသွားလာခွင့် ကို KNU က ကန့်သတ်ထားခြင်း ဖြစ် သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)၊ ခလရ (၂၈၄) နှင့် ခရလ (၃၂) တပ် စခန်းနေရာသုံးခုကို ဇန်န ဝါရီလ ၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ယင်းကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခလရ(၂၈၄) ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက် ဒဏ်ရာရသူတချို့ ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ လူနေအိမ်အချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများကပြော သည်။

ထို့ပြင် ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းစစ်ကောင်စီ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာများ ရရှိသွားကြောင်း S.O.F အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများမှ S.O.F တပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပူးပေါင်းအဖွဲ့များမှ တပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦးကျဆုံးခဲ့သည်။

ကရင်ပြည်နယ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ‌လစဉ် တိုက်ပွဲပေါင်း ရာနှင့်ချီဖြစ်ပွားလျှက်ရှိသည်။ mizzima

လက်နက်ကြီးကြောင့် ပလ ဒေသခံ ၂ ဦး ဒဏ် ရာရ၊ စစ်တပ်ထုတ်ကုန်မသုံးရန် တနင်္သာရီ ပ အဖ ထုတ်ပြန်၊ ထီးခီးလမ်းတွင် မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပလမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် နေအိမ်တချို့ ထိခိုက်ပြီး ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ညနေ့ပိုင်းက ပလမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပလမြို့ရဲစခန်းကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာပါ။

ဒေသခံတဦးက “ညနေ့ပိုင်းအချိန်လောက်ရှိမယ်။ တိုက်ပွဲဖြစ်ပြီး မကြာဘူး။ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ပစ်ခတ်တာပါ။ အိမ် ၅ လုံးလောက် ထိခိုက်တယ်လို့ ပြောတယ်။ လူတချို့လည်း ထိခိုက်သွားတယ်” လို့ ပြောပါတယ်။

အသက် ၄၀ အရွယ်အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် လက်နက်ကြီး ထိမှန်တာဖြစ်ပြီး အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အခြေအ နေရှိနေတယ်လို့ သိရပါတယ်။

ပလရဲစခန်းကနေ လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်နေတာကြောင့် တိုကျေးရွာက နေအိမ်တချို့ ထိခိုက်ခဲ့ပါတယ်။                                                                                                                                                                                                     တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူး ရောင်းချတာတွေ လုံးဝမပြုလုပ်ဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရေ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“စကစကို ကျားကန်ပေးထားတဲ့ ထောက်တိုင်တွေထဲကတခုဖြစ်တဲ့ စစ်တပ်နဲ့ လက်ပါးစေတို့ရဲ့ စီးပွားရေးထောက်တိုင်တွေကို လူထုတော် လှန်ရေးအတွက် ဖြိုချပစ်နိုင်ဖို့ အရေးကြီးတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ရဲ့ ကုန်ပစ္စည်းများဖြစ်တဲ့ Myanmar Beer, Mandalay Beer စတဲ့ အရက်ဘီယာအချိုရည်တွေ၊ Red Ruby၊ Premium Gold စတဲ့ ဆေးလိပ်တွေ၊ စာသောက်ကုန်တွေနဲ့ ပဒုမ္မာဆပ်ပြာ၊ Mytel ဆင်းမ်ကတ်စတဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

“အဓိကကတော့ စကစရဲ့ ဝင်ငွေလျော့ပါးအောင် Boycott လုပ်တာပါ။ ဒီအစီအစဉ်မှာပါဝင်တဲ့ ပြည်သူတဦးချင်းစီအနေဖြင့်လည်း တော် လှန်ရေးမှာ နိုင်ရာတတပ်တအား ပါဝင်ပြီးသားဖြစ်သွားတယ်။ တော်လှန်ရေးမှာ လက်နက်ကိုင်မှမဟုတ် မိမိတတ်နိုင်သလောက် လုပ်ဆောင်နေခြင်းကလည်း တော်လှန်ရေးအောင်မြင်အောင် ပါဝင်နေခြင်းဖြစ်တယ်ဆိုတာ သိအောင်လို့ လုပ်ဆောင်စေချင်ပါတယ်” လို့ တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဗွီဘီ ကို ပြောပါတယ်။

အဆိုပါ ကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူး ရောင်းချတာတွေ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ကလည်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ  စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်း ရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါသေးတယ်။

တနင်္သာရီတိုင်း၊ ထားဝယ် ထီးခီးကားလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ထားဝယ်ဘက်မှ ထီးခီးဘက်ကို  သုံးဘီးယာဉ် တစီး၊ ဆိုင်ကယ်တစီးနဲ့ လာတဲ့ အမျိုးသား ၄ ဦးအား မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းများ စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးထားတယ်လို့ သံမဏိပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသား ၄ ဦးမှာ ယာဉ်မောင်း ကိုငြိမ်းချမ်း၊ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်သူ ကိုဇော်မင်းအောင်၊ ကိုအောင်မျိုးနိုင်နဲ့ ကိုအောင်သူတို့ဖြစ်ကြပြီး ထားဝယ်မြို့နဲ့ မေတ္တာမြို့နယ်မှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

အဆိုပါအမျိုးသား ၄ ဦးကို WY ဆေးပြား ၄၀၀၀၊ ဆေးခြောက် ၂ ထုပ်၊ စမတ်ဖုန်း ၂ လုံး၊ ကီးပက်ဖုန်းတလုံး၊ ငွေသား ၁၃ သိန်းကျော်၊ သုံးဘီမော်တော်ယာဉ်တစီးနဲ့ Dream အမျိုးအစား ယိုးဒယားနိုင်ငံထုတ် မော်တော်ဆိုင်ကယ်တစီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေအား အရေးယူနဲ့ပတ်သက်ပြီး နဘယံအဖွဲ့ပြန်ကြားရေးက “အခုလောလောဆယ်က ထိန်းသိမ်းပြီး နောက်ဆက်တွဲ ကွင်း ဆက်တွေအရင် စုံစမ်းနေပါတယ်၊ ပြီးမှ အရေးယူမှုလုပ်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က ထားဝယ် ထီးခီးလမ်းပိုင်းမှာ နဘယံအဖွဲ့၊ ကော်သူးလေအာမီ၊ T1 နဲ့ တပ်ပေါင်းစု ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုပြု လုပ်ခဲ့ပြီး အခုလို မူးယစ်ဆေးဝါးသယ်ယူလာသူတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကစပြီး ဇန်နဝါရီလကုန်အထိ ထားဝယ် ထီးခီးကားလမ်းပိုင်းမှာ သံတိုသံစဝယ်တဲ့ သုံးဘီယာဉ်တွေနဲ့ ပြည်ပထွက်ခွာသူတွေကို နယ်စပ်ပို့ဆောင်နေတဲ့ ယာဉ်တွေကို လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြဖို့ စစ်ရေးသတိပေးချက်ကို ဥသြစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါသေးတယ်။ DVB

ဆားလင်းကြီး၊ ဆားထုံရွာကို စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဆားထုံရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်လျက်ရှိပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ထိခိုက်မှု အခြေအနေတွေ အတည်မပြုနိုင်သေးဘူး။ ရဟတ်ယာဥ်က ရွာပတ်ပတ်လည်ကို လှည့်ပတ်ပျံသန်းပြီး ပစ်နေတာ ရွာထဲလားရွာပြင်လား ဘယ်နားကို ပစ်လည်းမသိရသေးဘူး။ အဝေးကနေ လှမ်းမြင်ရတဲ့ အခြေအနေဆိုတော့ ပျက်စီး ဆုံးရှုံးမှုအခြေအနေလည်း မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် CDF – Matupi တို့ တိုက် ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)CDF–Matupi က ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

မတူပီ-ဟားခါးလမ်းပေါ်ရှိ ငလိုင်ကျေးရွာတွင် ရှေ့တန်းကင်းစခန်းချထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ကို အင်အား ၁၀၀ ခန့်ရှိ ခလရ (၁၄၀) စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာနဲ့က ဟိုဘက်ဒီဘက် တောင်ကုန်းတွေ မှာရှိကြတာ။ ရှေ့တန်းကင်းစခန်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သူတို့က အလုံးအရင်းနဲ့ ရှေ့ဆက်တိုးလာ တာပါ” ဟု CDF – Matupi သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး CDF – Matupi မှ ရဲဘော်တစ်ဦး အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ငလိုင်ကျေးရွာရှိ ကင်းစခန်း လက်လွှတ်ခဲ့ရပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့က အင်အားအလုံးအရင်း ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ည ၁၀ နာရီခန့်အထိ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ငလိုင်ကျေးရွာအနီးရှိတောင်ကုန်းအား စစ်ကောင်စီတပ်ဖွဲ့က ယမန်နှစ်က တပ်လာ စွဲသည့်အချိန်မှစ၍ ကျေးရွာရှိဒေသ ခံများ လွတ်မြောက်ရာသို့ ရှောင်တိမ်းနေခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းကျေးရွာတွင် ဆက်လက်တပ်စွဲနေခြင်းမျိုးမဟုတ်ဘဲ နယ်မြေရှင်းလင်း ရေးအကြောင်းပြ၍ ရှေ့ဆက်တိုးလာပါက တိုက်ပွဲများပြင်းထန်လာဖွယ်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်အနေဖြင့် ချင်းပြည်နယ် တပြည်နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲများပြုလုပ်ရန် ပြင်ဆင်နေပြီး ချင်းအမျိုးသားတပ် ဦး (CNF) ဌာနချုပ်အား လေကြောင်းမှ တိုက်ခိုက်မှုအပါအဝင် နယ်မြေ ရှင်းလင်းရေး ၊ စိုးမိုးရေး အကြောင်းပြ၍ ယခုကဲ့သို့ စစ်ကြောင်းများ လှုပ်ရှားလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြော ဆိုသည်။

CDF – Matupi ကလည်း စစ်ကောင်စီက ကျင်းပရန် ကြိုးစားနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထား ကြေညာချက်ကို ဇန်န ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့မတရားသိမ်းယူထားသည့် နိုင်ငံတော်အာဏာအား ဆက်လက်ထိန်းသိမ်းရေးနှင့် တရားဝင်အစိုးရ ဖြစ်လာရေးအတွက် ၂၀၂၃ ခုနှစ် အတွင်း ဟန်ပြရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်း စဉ်တွင် ပါဝင်ပတ်သက်မှုမပြုလုပ်ကြရန်နှင့် ဟန်ပြရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည့် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးမဆို လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း CDF – Matupi ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် မတူပီမြို့နယ်တွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အ သေးစိတ်အခြေအနေများသိရှိနိုင်ရန် ဆက်လက်စောင့်ကြည့်နေ ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။mizzima

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ နေအိမ် ၁၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ နေအိမ် ၁၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာများမှာ သရက်ကန်၊ ညောင်ရင်းကုန်း၊ သပြေအေး၊ တောင်ရွာသစ်နှင့် သရက်လှကျေးရွာများဖြစ်ကြောင်း သိရသည်။

“အင်မထီး၊ ဇီးဖြူကုန်းပျူစောထီးစခန်းက အရပ်သားလက်နက်ကိုင်တွေနဲ့ ကန့်ဒေါင့်စခန်းက စစ်ကောင်စီ တပ်သားတွေပူးပေါင်းပြီး ရွာစဉ်စစ်ကြောင်းထိုးမီးရှို့နေတာပါ”ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမီးရှို့မှု‌ကြောင့် သရက်ကန်ကျေးရွာမှ အိမ်ခြေ ၄၆ လုံး၊ ညောင်ရင်းကုန်းရွာမှ အိမ်ခြေ ၁၃ လုံး၊ သပြေအေးရွာမှ အိမ်ခြေ ကိုးလုံး၊ တောင်ရွာသစ်ကျေးရွာမှ အိမ်ခြေ ၁၁ လုံး နှင့် သရက်လှ ကျေးရွာမှ အိမ်ခြေ ၃၄ လုံး စုစုပေါင်း အိမ်ခြေ ၁၁၃ လုံး မီးလောင်သွားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ၎င်းပြုစုထားသည့် စာရင်းကိုပြောပြသည်။

“ကျနော်တို့ ရွာကိုရောက်တော့ အိမ်ကပြာကျနေပြီ ဗျ။ ကျနော်က ယောက်ျားဆိုတော့ စိတ်ထဲတင်မှာဘဲ ထားတယ်။ ကျနော့်အမျိုးသမီးကတော့ ပြာကျသွားတဲ့အိမ်ကိုကြည့်ပြီး သတိလစ်သွားတဲ့အထိ ငိုတာပေါ့။ အမေဖြစ်သူငိုတော့ သားသမီးတွေကအစ လိုက်ပြီးငိုကြတာပေါ့ဗျာ။ တစ်ခြားသူတွေလည်း ငိုကြတာပါပဲ။ နှစ်ရှည်လများစုဆောင်းပြီး ကြိုးစားဆောက်ထားတဲ့ အိမ်ဆိုတော့လေ။ ကျနော်တို့ကတော့ ဘယ်လိုမှ မကျေနပ်နိုင်ဘူး”ဟု စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်မီးလောင်သွားသည့်ဒေသခံတစ်ဦး ကလည်းပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပုလဲဒေသခံတစ်ဦးဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဦးတူးဆိုသူကိုလည်း သေနတ်ဖြင့်ပစ်သတ်၍ မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကန့်ဒေါင့်ရဲစခန်းကိုလည်း အင်အား ၇၀ ခန့် ထပ်မံဖြည့်တင်းထားပြီး တပ်စွဲနေ ကြောင်း သိရသည်။

အဆိုပါ စခန်းတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ၊ ၈၀ မမ ၊ ၆၀ မမ တို့ဖြင့် ရမ်းသန်းပစ်ခတ်မှုပြားပြုလုပ်နေခြင်းကြောင့် ကန့်ဒေါင့်၊ မဲစည်၊ သရက်လဇ၊ ညောင်ဝန်း၊ အောင်ချမ်းသာ၊ ကိုးပင်၊ ဦးနှောက်၊ သပြေအေး၊ ချောင်းနားနှင့် ထန်းတောရွာတို့မှ ဒေသခံ ၄,၀၀၀ ကျော် စစ်ရှောင်နေရ ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကန့်ဒေါင့်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ သည် ကိုးပင်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima

မဟာအောင်မြေနှင့် ညောင်ဦးမြို့နယ်တို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေ ဆုံး

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ ဗိုလ်အနိစ္စက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်း အရှေ့ ရပ်ကွက်၊ ၆၉ D လမ်း၊ လမ်း ၄၀ ၊ ၄၁ လမ်းကြားတွင် နေထိုင် သူ ဦးစောသည် အကြမ်းဖက်စစ်ကောင် စီမှ ခန့်အပ်တာဝန်ပေးထားသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ် သတိပေး ထားသည်ကို လိုက်နာခြင်းမရှိသဖြင့် နေအိမ်တွင်းသို့ ဝင်ရောက်ပြီး ပစ်ခတ်ရှင်း လင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုနောက်ပိုင်းကတော့ ကောင်းသည်၊ ဆိုးသည်မခွဲခြားတော့ဘူး၊ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပြီးပြီ။ သတိပေးစာအတိုင်းပဲ မလိုက်နာတဲ့သူတွေ ရှင်းတော့မှာပါ” ဟု Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ ဗိုလ်အနိစ္စက ပြောဆိုသည်။

Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့မှ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နှုတ်ထွက် ကြရန် သတိပေးသတ်မှတ်ရက်ပြည့်သွားပြီဖြစ် ကြောင်း၊ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ကြောင်း၊ ဆက်လက်လုပ်ကိုင်မည်ဆိုပါက အုပ်ကြီး ဦးစောကဲ့သို့ ရားထူးမှ အပြီးအပိုင် ရပ်နားမည်ဖြစ်ကြောင်း သတိပေးထားသည်။

အလားတူ မန္တလေး၊ ညောင်ဦးမြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီ လူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ရွာနေ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ အောင်သူဝင်းကို ပုဂံပြည် ဘီလူးတပ် (Bagan Ogre Force) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အောင်သူဝင်းသည် စစ်တပ်နှင့် ပူးပေါင်းပြီး ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ ကျေးရွာနေ CDM သမားများကို ဖမ်းဆီးခိုင်းခြင်း၊ ၎င်းနှင့် မတည့်သူများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်းတို့ လုပ်ဆောင်ခြင်းကြောင့် အကြိမ်ကြိမ် သတိ ပေးသော်လည်း လိုက်နာခြင်း မရှိသောကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit

« Older Entries