ထားဝယ်-ထီးခီးလမ်းပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသော အမျိုးသား ၄ ဦးကို PDF ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပိုင်း၌ ဇန်နဝါရီလ ၁၄ ရက် နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်နေချိန်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာ သောအမျိုးသား လေးဦးကိုဖမ်းဆီးလိုက်ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါအမျိုးသားလေးဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် သံမဏိပြောက်ကျား တပ်ဖွဲ့ (နဘယံ)၊ Kaw Thoo Lei Army ၊ ထားဝယ်ခရိုင် တပ်မတော် (T1) နှင့် တပ်ပေါင်းစုအဖွဲ့တို့က စစ်ဆေးနေချိန်အတွင်း ဖမ်းဆီးခဲ့သည်ဟု သံမဏိအဖွဲ့၏ တာဝန်ခံထံမှ သိရသည်။
“ထားဝယ်ဖက်မှ ဝင်လာတဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုပြုလုပ်နေချိန်မှာ သူတို့သယ်လာတဲ့ မူးယစ်ဆေးဝါးတွေကိုတွေ့ရှိပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်”ဟု သံမဏိပြောက်ကျားတပ်မတော် (T1) အဖွဲ့မှ တာဝန်ခံကပြောသည်။
အဆိုပါ အမျိုးသားလေးဦးထံမှ သုံးဘီးဆိုင်ကယ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ WY စာတန်းပါ ဆေး ပြား ၄၀၀၀ ၊ ဖုန်းသုံလုံး၊ မြန်မာကျပ်ငွေ ၁,၃၆၅,၅၅၀ နှင့် ဆေးခြောက်နှစ်ထုပ်တို့ကို သိမ်းဆီးရမိခဲ့ သည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ထိန်းသိမ်းထားပြီး ဥပဒေအတိုင်း စီမံသွားမည်ဖြစ်ကြောင်း သိရသည်/
အဆိုပါ ထားဝယ်-ထီးခီး ကားလမ်းပေါ်၌ နှစ်ဖက် စစ်ရေးတင်းမာနေသဖြင့် ခရီးသွားပြည်သူများ ညပိုင်း သွားလာခြင်း မပြုကြရန် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သတိပေးထားသည်။ mizzima