နေပြည်တော်တွင် ဗုံးသီးများတွေ့ရှိပြီး ရန်ကုန်မှာ ဗုံးတပ်ဆင်ထားသော ဒရုန်းတချို့ ဖမ်းဆီးရမိဟု စစ်တပ်က သတင်းထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ထားသော နေပြည်တော်တွင် ဗုံးသီးများတွေ့ရှိရပြီး ရန်ကုန်တွင်လည်း ဗုံးတပ်ဆင်ထားသော ဒရုန်းတချို့ ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ နေပြည်တော်၊ သမဝါယမဝန်ကြီးဌာန ရုံးအနီးတွင် လက်နက်ဖြင့် ပစ်ခတ်ရသော ဗုံးသီး ၅ လုံးတွေ့ရှိခဲ့ရပြီး ယင်းတွေ့ရှိမှုကြောင့် ဝန်ကြီးဌာနအနီး လုံခြုံရေးတိုးမြှင့်မှုများရှိနေကြောင်း၊ ဝန်ထမ်းတချို့မှာလည်း ရုံးတက်ရန် မဝံ့မရဲဖြစ်နေကြကြောင်း နေပြည်တော်သမဝါယဝန်ကြီးဌာန ဝန်ထမ်းများထံမှ သိရှိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် အင်းလျားကန်ဘောင်အနီးတွင် ဗုံးတပ်ဆင်ထားသော ဒရုန်းတစ်စီးပျက်ကျနေသည်တွေ့ရှိရကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

စစ်လော်ဘီတချို့က အင်လျားကန်ဘောင်အနီးတွင် ဗုံးတပ်ထားသည့် ဒရုန်းလေယာဉ် ၁ စင်း၊ မြောက်ဥက္ကလာတွင် ဒရုန်းလေယာဉ် ၁ စင်း၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ အရှေ့တောင်ဘက်တွင် ဒရုန်း ၆ စီးတွေ့ရှိ ဖမ်းဆီးရမိကြောင်း သတင်းဖြန့်ဝေနေကြသည်။

ရန်ကုန်ခေတ်သစ်က စစ်တပ်သတင်းရင်းမြစ်တချို့ထံ ဗုံးတပ်ဆင်ထားသော ဒရုန်းလေယာဉ်များ ရန်ကုန်တွင် တွေ့ရှိမှု ကိစ္စကို ဆက်သွယ် မေးမြန်းရာ လက် ရှိ တွင် အသေးစိတ်မသိရသေးကြောင်း၊ ပြည်နယ်/တိုင်းအရေးကြီး ဌာနရုံးတွင် ဒရုန်း ပစ်ချသည့်လက်နက်နှင့် ဒရုန်းဆက် သွယ်ရေး ဖြတ်တောက်သည့် ဂျန်မာ ထားရှိရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s