ကံမမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့အဝင်ရှိ စစ်ကောင်စီတပ်၏စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက် ခိုက်ခဲ့ကြောင်း သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်းပကဖ လင်းယုန်တပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲနေထိုင်ပြီး အဝေးပြေးယာဉ်လိုင်းများနှင့်ခရီးသည်များထံမှ ငွေတောင်းခံ နေသည့်ဂိတ်အား ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဂိတ်နဲ့အနီးဆုံး ကပ်လို့ရသလောက်ကပ်ပြီးတော့ မိုင်းထားပြီး အဝေးထိန်းနဲ့ ခွဲခဲ့တာပါ ၊ မိုင်းက သုံးလုံးတွဲ တပြိုင်တည်းခွဲတာမှာ နှစ်လုံးကပေါက်ပြီး အကြီးဆုံးတစ်လုံးက မပေါက်ခဲ့ပါဘူး” ဟု လင်းယုန်တပ်ဖွဲ့ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က မဇ္စျိမကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်သေဆုံးမှုများကို မသိရှိရသေးဘဲ နောက်ဆက် တွဲအခြေအနေများကို ဆက်လက်အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား ၁၀ ဦးခန့် နေ့ညပုံမှန် အစောင့်ချထား လေ့ရှိ ပြီး ခရီးသွားပြည်သူများနှင့် ယာဉ်များအား စစ်ဆေး၍ ငွေတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်များတွင်လည်း စစ်ကောင်စီကကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ ကို အသိအမှတ်မပြုဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် မင်းတုန်းနှင့် သရက်မြို့ရှိ လဝကရုံးများကို လင်းယုန်တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း တတ်နိုင်သည့် အားဖြင့် ဆန့်ကျင်ကြပါရန် ပြန် ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။ mizzima