ကျောက်ကြီးမြို့နယ်ရှိ ပျူရွာ ၂ ရွာမှ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများဖြစ်ကြသည့် နောင်ကုန်းရွာနှင့် လယ်၀ိုင်းကြီးရွာသစ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဦးသေ ဆုံးကြောင်း Bago Region PDF က သတင်းထုတ်ပြန်ထားသည်။
“ စစ်တပ်စခန်းတွေပေါ့။ အခုကာလက ပျူနဲ့တပ်က ရောနေတာပါ။ အဲ့ဒါ သတင်းအတိအကျရတဲ့အတွက် မြေပြင်အဖွဲ့တွေကို သူ့သက်ဆိုင်ရာတပ်ခွဲတွေ ညွှန်ကြားချက်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ” ဟု Bago Region PDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောင်ကုန်းရွာရှိစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ သို့သော် လယ်ဝိုင်းကြီးရွာသစ် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ဆိုသည်။
“ သူတို့က အနီးအနားကရွာတွေ မှာ PDF တွေရှိလားဆိုတဲ့စုံစမ်းမှုမျိုးတွေ PDF နဲ့ ဆက်နွယ်တဲ့ မိသားစု တွေ ကိုဒုက္ခပေးတာတွေလုပ်လေ့ရှိတယ်” ဟု ဟု Bago Region PDF မှ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် နောင်ကုန်းရွာနှင့် လယ်ဝိုင်းကြီးရွာသစ်မှ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ရေးပစ်မှတ် တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကျောက်ကြီး-နတ်သဲကွင်းလမ်းပေါ်ရှိ ဘုံသတောတံတားရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးနှင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။mizzima