ပုလောအခြေစိုက် တောကြီးမြွေဟောက်အဖွဲ့မှ ကျဆုံးရဲဘော်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်သား များ လုယူသွား

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် KING COBRA FORCE (တောကြီးမြွေ ဟောက်အဖွဲ့)မှရဲဘော်တစ်ဦး ဇန်နဝါရီလ ၁၄ ရက်နေ့က တိုက်ပွဲအတွင်းကျဆုံးသွားရာ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က လုယူသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ထုတ်ပြန် ချက်အရ သိရသည်။
တိုက်ပွဲအတွင်းကျဆုံးခဲ့သော ရဲဘော်ဘိုဖြူအား စစ်ကောင်စီတပ်ဖွဲ့ဘက်က လုယူသွားခဲ့၍ ရုပ်အလောင်း နှင့်အတူ သေနတ်နှစ်လက်နှင့်ဖုန်းတစ်လုံးပါသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“ရဲဘော်ဘိုဖြူရဲ့ရုပ်အလောင်းကို ကျွန်တော်တို့ ပြန်ယူလို့မရလိုက်ပါဘူး စစ်တပ်ကလုယူသွားတာ ဖြစ်လို့ သူဆီကဖုန်းနဲ့ စကစကထောက် လှမ်းနေတာမျိုးပြုလုပ်နေတာတွေ့ရတယ်”ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။
လက်ရှိတွင် ရဲဘော်ဘိုဖြူ၏ဖုန်းဖြင့် ၎င်းနှင့်ဆက်နွယ်သူများကို စစ်ကောင်စီတပ်ဖွဲ့က အလှူခံခြင်း၊ ဆက် သွယ်မေးမြန်ခြင်း၊ တည်နေရာကို မေးမြန်းခြင်းများအပြင် Facebook မှတဆင့်လည်း လိုက်လံဆက် သွယ်နေ၍ ပြည်သူများအနေဖြင့် ဆက်သွယ်ခြင်းမပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ အသိပေး ထုတ်ပြန်ထားသည်။
ပုလောမြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။mizzima