မန္တလေးတွင် လူဦးရေစာရင်းကောက်ယူသည့်ကိစ္စဖြင့်အလုပ်များနေသည့်အုပ်ကြီး နေအိမ်ရှေ့တွင် ပစ်သတ်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့က နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူသည့်ကိစ္စဖြင့် အလုပ်များနေစဉ် နေအိမ်ရှေ့၌ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

“သူက ဒီရက်ပိုင်း ရပ်ကွက်ထဲမှာ လူဦးရေစာရင်းလိုက်ကောက်နေတယ်။ မနေ့ကလည်း အဲဒီကိစ္စအတွက် အိမ်ကနေအထွက်မှာ ပစ်သတ်ခံလိုက်ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သော Special Task Force-Mandalay (STF-MDY) က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယနေ့ သတင်း ထုတ်ပြန်လာသည်။

“စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးဦးစောအား အုပ်ချုပ်ရေးမှူးရာထူးမှ အပြီးတိုင်ရပ်နားလိုက်ပြီး STF-MDY အဖွဲ့သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းတွင် စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုများ ပြုလုပ်နေသည်။ လူဦးရေစာရင်းကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လူ၀င်မှုကြီးကြပ် ရေးဦးစီးဌာနမှ မြို့နယ်အဆင့်ဝန်ထမ်းနှစ်ဦး၊ ရဲနှင့်အရပ်၀တ်လေးငါးဦးခန့်ပါ၀င်ပြီး Volunteer အဖြစ် မီးသတ်တပ်ဖွဲ့၀င်များလည်းပါ၀င်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s