ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ပြည်ကြီးတံခွန် ဆရာတော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည် သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၄ နာရီဝန်းကျင်မှာ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ဂျပနကျွန်းရွာကို စစ်ခွေးတွေ သေနတ် ပစ်ဖောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ် ၅၀ ကျော်လောက်တော့ ပြာကျသွားတယ်” ဟု ပြည်ကြီးတံခွန် ဆရာတော်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ပြည်သူပိုင် နွားလှည်း ၄ စီးဖြင့် ပြည် သူပိုင် ပစ္စည်းများကို ယူဆောင်သွားပြီး နွားတချို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s