စစ်ကောင်စီတပ် ပစ်လိုက်သည့်လက်နက်ကြီးကြောင့် စစ်ဘေးရှောင် အမျိုးသမီး ပွဲချင်းပြီးသေဆုံး၊ အမျိုးသား ၂ဦး ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ မိုးဗြဲမြို့အနီးစစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ညတွင် မိုးဗြဲစက်တော်ရာ ဘုရားတောင်ပေါ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိနေခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် အဆမတန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ရှောင်စခန်းသို့ လက်နက် ကြီးကျရောက်ပေါက်ကွဲမှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ညနေ ၈ နာရီခွဲလောက်မှာ ဖယ်ခုံကနေ လက်နက်ကြီးနဲ့ ပတ်ပတ်လည်လှမ်းထုတယ်၊ ပထမ ကျတဲ့တစ်လုံးက စစ်ရှောင်တွေက သိတ်မစိုး ရိမ်ရသေးဘူးပေါ့၊ ဒုတိတစ်လုံးက စစ်ရှောင်နေအိမ်တည့်တည့်မှာ ကျတော့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားတယ်။ အမျိုးသားနှစ်ဦးက
အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်၊ တစ်ဦးမှာက စိုးရိမ်ရတာပေါ့၊ တစ်ချို့ကတော့ လက်နက်ကြီးစ နဲနဲပါးပါးထိမှန်တာမျိုးတော့ရှိတယ်” ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
စစ်ဇုံမဟုတ်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်မှ လက်ကြီးဖြင့် ပစ်ခတ်မှုဆက်တိုက်ပြုလုပ်လာမှုကြောင့် စစ်ဘေးရှောင်ပြည်သူများက စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတယ်လို့ ဒေသခံစစ်ရှောင်တစ်ဦးက ဆက်ပြောသည်။
” စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျတော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သလို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာ အများကြီးရှိတာပေါ့၊ ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ အခုက စစ်ရှောင်နေတဲ့ပြည်သူတွေက အဲ့မှာမနေရဲတော့ တစ်ခြားနေရာမှာ ပြောင်းနေကုန်ကြပြီး၊ ဒီမနက်ပြန်လာတဲ့ အမျိုးသားတစ်ချို့ကလည်း ပစ္စည်းတွေပြန်လာသယ်ကုန်ကျတာ တွေ့ရတာပေါ့နော” ဟု ဆိုသည်။
၎င်းစစ်ရှောင်စခန်းအတွင်း၌ လာရောက်ခိုလုံသည့် စစ်ရှောင်တွေသည် မိုးဗြဲဒေသခံ ပြည်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ရန်မှ ကာ ကွယ်နိုင်ရန် နောက်ထပ်စစ်ရှောင်စခန်းတစ်ခုသို့ ထပ်မံ ပြောင်းရွှေ့နေကြရသည်ဟု သိရှိရသည်။mizzima