စဉ့်ကူးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအ ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ရွာစဉ်လှည့်အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို ဒရုန်း ၃ စီး၊ ဗုံးသီး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာတွေမှာ လုယက်၊ သောင်းကြမ်း၊ ခိုးဆိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ၃ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များနိုင်တယ်လို့ မဟာ မိတ်အဖွဲ့တွေက ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးနိုင်တဲ့သူတွေလည်း ရှိပြီး ပြန့်ဖောင်နဲ့ စဉ့်ကူးမြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင် ပကဖ)၊ စဉ့်ကူးမြို့နယ် ပကဖ၊ ADRF တော်လှန်ရေးအင်အားစု – မတ္တရာ၊ Peacock Soldier Madaya၊ Peacock Warrior Force Madaya၊ SKY HERO – Madaya၊ Adventure – ASD တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မဟာမိတ် ၇ ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s