စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အတွင်း တပ်ဆွဲနေရာယူထားသည့်စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် KNDF B-04 နှင့် ဖရူဆို PDF တို့ပူးပေါင်းပြီး sniper ၊M 79ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ေကြာင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ” စနိုက်ပါ၊ M 79 ဖြင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖက်မှ နှစ်ဦးသေဆုံးသည်ဟု” KNDF B-04 က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖရူဆိုမြို့၊ လောဘူဒါးရပ်ကွက်တွင်စစ်ကောင်စီ တပ်သား နှစ်ဦး ကျဆုံးခဲ့သည်ဟု ရပ်ကွက်၌ KNDF/B-04 နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အဆမတန်ပစ်ခတ်မှုကြောင့် KNDF B-04 ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima