ဆားလင်းကြီး မြို့မရဲစခန်းနှင့် မြို့နယ်တ ရားရုံးကို မဟာမိတ်ညီနောင် ၄ ဖွဲ့ သွားရောက်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် များတပ်စွဲရာ ဆားလင်းကြီးမြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးတို့ကို ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု National Revolutionary Guards (NRG-PDF/Salingyi) မှ ဒုတပ်ရင်းမှူး ဗိုလ်သူရိန်ကပြောသည်။
တစ်နာရီနီးပါးခန့်ကြာမြင့်အောင် ညီနောင်မဟာမိတ်အဖွဲ့များက ၈၀ မမ၊ ၆၀ မမ တာဝေးပစ်လက်နက် ကြီး၊ လက်နက်ငယ်များဖြင့်သွား ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆို သည်။
“စကစ ခန့်မှန်းအင်အား ဆားလင်းကြီးမြို့ပေါ်မှာ ၂၀၀ လောက်ရှိမယ်။ စစ်ရေးအခြေနေကတော့ တင်းမာ နေဆဲပဲ။ မြို့နယ်တရားရုံးမှာ Non CDM တွေနဲ့ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူတွေရှိနေတယ်၊ စစ်ကောင်စီ တပ်သားတွေက ပြည်သူတွေရဲ့ပစ္စည်းတွေကို စိတ်တိုင်းကျခိုးပြီးရင်မီးရှို့တယ်။ မြန်မာ-၀မ်ပေါင်ပတ်၀န်း ကျင်တလျှောက်ကရွာတွေကို တစ်ရွာ၀င်တစ်ရွာထွက် ပစ္စည်းခိုးမီးရှို့နေကြလို့ ကျနော်တို့နယ်ကပြည်သူ တွေက သူတို့ကို စစ်တပ်လို့တောင် မသုံးတော့ဘူး၊ မီးရှို့တပ်၊ သူခိုးတပ်လို့ သုံးနှုန်းလာကြတယ်”ဟု ဗိုလ်သူရိန်ကပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း မြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးအတွင်းသို့ ထိချက်များတည့်မတ်စွာကျ ရောက်ခဲ့ပြီး စစ်ကောင်စီတပ်မှထိခိုက်မှုအခြေအနေကို အတိအကျ မတည်မပြုနိုင်သေးဟုဆိုသည်။
ယင်းတိုက်ခိုက်မှုကို National Revolutionary Guards (NRG-PDF/Salingyi)နှင့်အတူ BED ငညို ပြည်သူ့ကာကွယ်ရေးတပ်၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်နှင့် ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ဓါးမဆိုင်းတပ်တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ ဆားလင်းကြီးမြို့နယ်အတွင်းမှကျေးရွာများသို့ စစ်ကြောင်းထိုးမီးရှို့နေ သည့်အတွက် ဒေသကာကွယ်ရေးတပ်များနှင့်တိုက်ပွဲပြင်းထန်နေကာ လက်ပံတောင်းတောင်အနီးတဝိုက် ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။
ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်မှ Mi 35 နှင့် Mi 17 ရဟတ်ယာဉ်နှစ်စီး ချင်းတွင်းမြစ်ကြောင်းအတိုင်း လာရောက်တိုက်ခိုက်ခဲ့သေးသည်ဟု NRG-PDF/ Salingyi ၏ ပြောဆိုချက် အရသိရသည်။mizzima