ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးသော မြို့ပြပြောက်ကျားရုပ်ရှင် ပြသမည်

ဒါရိုက်တာသည်ခေတ်နေရိုက်ကူးသည့် မြို့ပြပြောက်ကျားရုပ်ရှင်ကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့တွင် လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Sydney Friends for Myanmar Unity မှ ဦးစီးပြီး “မြို့ပြပြောက်ကျား” ရုပ်ရှင်အား ပွဲဦးထွက်အနေဖြင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ Bryan Brown Theatre & Function Centre တွင် အချိန်နှစ်ပိုင်းခွဲကာ ပြသသွားမည်ဖြစ်သည်။

ရုပ်ရှင်လက်မှတ်တစ်စောင်လျှင် ဩစတြေးလျဒေါ်လာ ၄၀ ဖြင့် Sydney Friends for Myanmar Unity နှင့်မြို့ပြပြောက်ကျား Facebook Page တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်မှာ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုး ဇေယျာသော်နှင့် သူရဲကောင်းများကိုဂုဏ်ပြုသည့်အနေဖြင့် ဒါရိုက်တာသည်ခေတ်နေက မြို့ပြပြောက် ကျား လူငယ်နှစ်ယောက်၏ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားခြင်းဖြစ် သည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့က စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများ၌ပါရှိသော “သေဒဏ်ကျခံရမည့် အကျဉ်းသား ၄ ဦးအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး” ဆိုသည့် ခေါင်းစဉ်ကိုမြင်ပြီး ရုပ်ရှင်၏ခေါင်းစဉ်နှင့်ဇာတ်လမ်းကို စိတ်ကူးကာရေးသားခဲ့ခြင်းဖြစ်ကြောင်း ဒါရိုက်တာ သည်ခေတ်နေက ပြောသည်။

“အဲဒီနေ့ညမှာပဲ မြို့ပြပြောက်ကျားဆိုတဲ့ခေါင်းစဉ်နဲ့ ဒီဇာတ်လမ်းလေးကို စိတ်ကူးယဉ်ပြီးချရေးဖြစ်ခဲ့ပါ တယ်။ Pre Production & Post Production အတွက် ကျွန်တော်တို့ အချိန်သုံးလခွဲခန့် ပြင်ဆင်ခဲ့ပါ တယ်” ဟု ဒါရိုက်တာ သည်ခေတ်နေက ဆိုသည်။

“မြို့ပြပြောက်ကျား”ရုပ်ရှင်ကို ဩစတြေးလျနိုင်ငံရှိ မြို့သုံးမြို့နှင့်အတူ မလေးရှားနိုင်ငံမှ မြို့လေးမြို့အပါ အဝင် ကိုရီးယား၊ ဂျပန်၊ အမေရိက၊ ထိုင်း၊ လန်ဒန်နှင့် မြန်မာနိုင်ငံအပြင် အခြားသောနိုင်ငံများတွင်ပါ ပြသသွားရန်စီစဉ်နေပြီး အသေးစိတ်ထပ်မံကြေညာမည်ဟု ဒါရိုက်တာ သည်ခေတ်နေကပြောကြားသည်။

ဒါရိုက်တာသည်ခေတ်နေမှာ စစ်တပ်အာဏာသိမ်းချိန်မှစပြီး တော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ် ရှားခဲ့မှုကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဩစတြေးလျနိုင်ငံ၌ ခိုလှုံခွင့်ဖြင့် နေထိုင်နေသူဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s