ပဲခူး၊ ထန်းတပင်မြို့နယ်တွင် ချောင်း၀ ရွာ အုပ်ချုပ်ရေးမှူး အဟောင်းက အုပ် ချုပ် ရေးမှူး အသစ်ထံ တာဝန်လွှဲ အပြီး ၂ ဦးစလုံး ပစ် ခတ်ခံရကာ သေဆုံး၊ ကျောက်ကြီးတွင် သန်ခေါင်းစာရင်း ကောက်နေသူ ရာအိမ်မှူး သိန်းလွင် ပစ် ခတ်ခံရပြီး သေဆုံး

ပဲခူး၊ ထန်းတပင်မြို့နယ်တွင် ချောင်း၀ကျေးရွာ အုပ်ချုပ်မှူး အဟောင်းနှင့် အ သစ် ၂ ဦးစလုံး တပြိုင်နက်တည်း ပစ်သတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း တောင်ငူ မြို့နယ်၊ ထန်းတပင်မြို့ ရွှေစျေး တွင် ချောင်း၀ကျေးရွာ အုပ်ချုပ်ရေမှူးဟောင်း ခင်မောင်ဝင်းနှင့်အုပ်ချုပ်ရေးမှူး အသစ် စိုးနိုင်တို့ ပစ်သတ်ခံရကြောင်း ၊ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားပြီး အခြား ကလေး ၁ ဦးပါ ကျည်ထိမှန်သွားခဲ့ကြောင်း သိရှိရသည်။
“ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးပေါ့။ တစ်ယောက် က အုပ်ကြီး အဟောင်း၊ တစ်ယောက်က အုပ်ကြီးအသစ်။ ဘု ရားပွဲမှာ အုပ်ချုပ် ရေးမှူး အဟောင်းက အုပ်ချုပ်ရေးမှူးအသစ်ကို မိတ်ဆက်ပေးပြီး အပြန် ကား ပေါ်မှာ အပစ်ခံရပြီးသေသွားပါတယ်။ တစ်ယောက်က ခေါင်းပွင့်ပြီး သေတယ်။ တစ်ယောက်က ထွက်ပြေးတော့ ဟိုက နောက်ကနေ လိုက်ပစ်တာ တကိုယ်လုံး ကျည်ဆန်အပြည့်နဲ့ သေတယ်။ အသံကြားတာကို ထွက်ကြည့်တဲ့ ကလေး တစ်ဦးလည်း သေနတ်ထိတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က တောင်ငူမြို့နယ် ရွှေစျေးနှင့်ချောင်း၀ကျေးရွာဘက်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မသင်္ကာသူ လူငယ်များကို ဖမ်းဆီးမှုတချို့ ရှိနေ ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အပိုင်း ၃ မှ ရာအိမ်မှူးသိန်းလွင်ကို ဇန်နဝါရီရီလ ၁၆ ရက် ညနေ ၆ နာရီခန့် အချိန် ပစ်ခတ်ရာ သေနတ်ဒဏ် ရာ နှစ်ချက်ရရှိ သေဆုံးသွားကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းလွင်သည် အကြမ်းဖက်စစ်တပ် က ဦးဆောင်ကျင်းပမည့် တရားမဝင် ရွေး ကောက်ပွဲအတွက် လူဦရေး မဲစာရင်း များကို တက်ကြွစွာ ကောက်ယူနေခြင်း၊ ပြည်သူ များကို ဒုက္ခပေးခြင်း၊ သတင်းပေးခြင်းတို့ လုပ်ဆောင်နေဖြင့် နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်ဒဏ်ရာနှစ်ချက် ရပြီး ဆေးရုံတင်ထားရတယ်လို့ သိရတယ်၊ သေဆုံး သွားပါပြီ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာ နိုင်ခဲ့ပါတယ်”ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရာအိမ်မှူးသိန်းလွင်အား ပစ်ခတ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာစဉ် အကြမ်း ဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီးကျရောက် ပေါက်ကွဲ ခဲ့ရာ ရွာသား တစ်ဦး မျက်လုံးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။khit thit