မကွေးနှင့် စစ်ကိုင်းတိုင်းတို့အတွက် “ကူရင်းယူ” မဲ အစီအစဉ်ပြုလုပ်


တော်လှန်ရေးရဲဘော်များအား ထောက်ပို့ပေးနေသော အဖွဲ့တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းအခြေစိုက် Cats_association က မကွေးနှင့် စစ် ကိုင်းတိုင်းတို့မှ တော်လှန်ရေးရဲဘော်များ၏ လက်နက်တပ်ဆင်ရေးနှင့် ဒရုန်းအတွက် “ကူရင်းယူ “ ပရောဂျက်ဖြင့် မဲအစီအစဉ်တစ်ခု ပြုလုပ်ထားကြောင်း သိရသည်။
အဆိုပါ ကူရင်းယူပရောဂျက်ကို ဇန်နဝါရီလ ၆ ရက်မှ ၂၇ ရက်နေ့အထိ သတ်မှတ်ထားပြီး မဲတစ်မဲကို မြန်မာငွေ ၃,၀၀၀ ကျပ်ဖြင့် ရောင်းချသည်။
အဆိုပါ မဲရောင်းချရာမှ ရရှိငွေအားလုံးကို Justice Revolution Team ( မကွေးတိုင်း) နှင့် Snake Eyes-PDF ( စစ်ကိုင်းတိုင်း) တို့အား ထောက် ပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မဲလက်မှတ်ဝယ်ယူသူများအား Cats_association မှ ပလက်တီနမ်နားကပ်တစ်စုံ၊ Menga စာအုပ်၊ Christmas Box နှင့် Hoya အလှသစ်ပင်အိုး အစရှိသည်များကို လက်ဆောင်အနေဖြင့် ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။
“ကူရင်းယူပရောဂျက်ရဲ့ အဓိက ရန်ပုံငွေဟာ အညာဒေသအတွက် အဓိကထားပြီး စီးဆင်းမှာမလို့ ပါးကွက်ကြားတွေနဲ့ တော်လှန်နေတဲ့ အညာ သူ အညာသားတို့ရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကူညီအားဖြည့်ပေးကြပါဦးခင်ဗျာ။ တော်လှန်ရေးမှာ ထောက်ပို့အင်အားကလည်း အရေးကြီးကဏ္ဍဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ထောက်ပံ့မှုဟာ လွန်စွာအရေးကြီးပါတယ်။” ဟု Cats_association အဖွဲ့ ပြန်ကြားရေးတာ ဝန်ခံက ပြောသည်။
Cats_association အဖွဲ့ မှ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လယ်ဝေး ပကဖ၊ Burma Liberation Force၊ KNDF အစရှိသည့် တော်လှန်ရေးအဖွဲ့များကို ထောက်ပို့လှူဒါန်းခဲ့သည့်အပြင် ဗန်းမောက်နယ် စစ်ရှောင်များ၊ ချင်းပြည်နယ်စစ်ရှောင်များ အတွက် ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ mizzima