ရန်ကုန်မြို့မှာ ဖွံ့ဖြိုးလာသည့် Bar နှင့် KTV များ

စစ်တပ်က အာဏာသိမ်းယူပြီးနောက် ရန်ကုန်မြို့တွင် အရက်ဘီယာရောင်းချသည့် Bar များနှင့် KTV အစရှိသည့် လုပ်ငန်းများမှာ တစ်ဟုန်ထိုးဖွံ့ဖြိုးလာလျက်ရှိသည်။

ယခင်က မြို့လယ်ကောင် တရုတ်တန်း ၁၉ လမ်း၀န်းကျင်တွင်သာ Bar နှင့် စားသောက်ဆိုင်ယဉ်ကျေးမှု ဖြစ်ထွန်းခဲ့သော်လည်း စစ်တပ်အာ ဏာသိမ်းယူပြီး နှစ်ပိုင်းအတွင်း ရန်ကင်း ၊ ဗဟန်း ၊ တာမွေ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ စသည့်မြို့နယ်များတွင်ပါ အရှိန် အဟုန်ဖြင့် များပြားလာခဲ့သည်။

အဆင့်မြင့် Bar နှင့် စားသောက်ဆိုင်အချို့တွင် နာမည်ကြီးအနုပညာရှင်များ၏ စင်တင်ဖျော်ဖြေတင်ဆက်မှုများအပြင် DJ များ ထည့်သွင်းပြီး ကခုန်နိုင်သည့် နေရာများအဖြစ်ပါ လုပ်ဆောင်လာကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s