ရေစကြိုမြို့နယ် ဇီးတောကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက် ခိုက်ခံရ၊ ၄ ဦး သေဆုံးဟုဆို
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဇန်နဝါရီလ ၁၆ ရက်နေ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူလေးဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း Super Fighter PDF (ရေစကြို)အဖွဲ့ထံမှ သိရသည်။
ဇီးတောကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ပျူများသည် ၎င်းတို့တပ်စွဲထားသည့် နေရာပတ်၀န်းကျင်တွင် နေထိုင်သွား လာကြသော မိဘပြည်သူများနှင့် ပတ်၀န်းကျင်ရှိကျေးရွာများအပေါ် နေ့စဥ်နှင့်အမျှ လက်နက်ပြအကြမ်းဖက်လျှက်ရှိကြောင်း အဖွဲ့ကဆို သည်။
ထိုသို့ မိဘပြည်သူများ၏လွတ်လပ်စွာ နေထိုင်သွားလာအသက်ရှင်ရပ်တည်ခွင့်နှင့် ချွေးနှဲစာဖြင့်ရှာဖွေစု ဆောင်းထားသောအိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသတ်ဖြတ်လုယက်မှုများ လုပ်ဆောင်နေခြင်း အတွက် ပြည်သူ့လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Super Fighter PDF (ရေစကြို)အဖွဲ့က ဆိုသည်။
စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများမှ ၆၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုး ရိမ်ရ)ရရှိခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
“ပြည်သူလူထုအပေါ်မျက်နှာမူတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ကျနော်တို့တော်လှန်ရေးကြီးရဲ့တပ်ဦးလို့ပြောနေတဲ့ NUG MOD ၀န်ကြီးဌာနတွေရဲ့ ကူညီပံ့ပိုးမှုများကို လည်း အရဲကိုးမျော်လင့်မိပါတယ်။ ချိတ်ဆက်ကူညီမှုတွေကိုလည်း စောင့် မျှော်နေပါတယ်”ဟု Super Fighter PDF (ရေစကြို)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Super Fighter PDF (ရေစကြို)အဖွဲ့နှင့် မဟာမိတ်ညီအကိုများဖြစ်ကြသော MSPDF တပ်ရင်း(၄)၊ ပခုက္ကူခရိုင်တပ် ရင်း (၁၀)တပ်ခွဲ(၁)၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ SSTF ၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေး 001 ၊ အညာသားပြောက်ကျားတပ်ဖွဲ့များက ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ mizzima