ရေးမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမြောက်တပ်ရင်း ၃၁၆ ကို ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာ ကွယ်ရေးတောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

ရေး-ထားဝယ်ကားလမ်းဘေးက စစ်ကောင်စီအမြောက်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနိုင်ပြီး အသေးစိတ်တော့ အတိအကျ မပြောနိုင်သေးဘူးလို့ မွန်ပြည်ကာကွယ်ရေး တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

အ​မြောက်တပ်အနီးနေ ဒေသခံတယောက်က “မနေ့က အမြောက်တပ်ဘက်ကတော့ လက်နက်ကြီးပေါက်ကွဲသံတော့ ကြားရတယ်။ ဘယ်ကပစ်တာ မသိဘူး။ ထိခိုက်သေဆုံးတာတွေက မသိနိုင်ဘူး။ အမြောက်တပ်ကိုတော့ PDF တွေ မကြာခဏ တိုက်လေ့ရှိတယ်။ ဘေးပတ်ဝန်းကျင်က ခြံတွေရှိတယ်။ ရွာလည်းရှိနေပြန်တော့ သေနတ်သံကြားရင် မသွားရဲ မလာရဲကြဘူး” လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) အနေနဲ့ ဒေသကာကွယ်ရေးတပ်၊ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ရန်သူနဲ့ ဒေါက်တိုင်တွေကို တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Ye Joker Force (YJF)၊ မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း (MSDF-S) ဒရုန်းတပ်ဖွဲ့၊ Dragon Squad (တနင်္သာရီ) ဒရုန်းတပ်ဖွဲ့နဲ့ Seath Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s