လောင်းလုံး၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ မီးရှို့ ရှင်းလင်း

လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အဆိုပါ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့် လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)နှင့် ထားဝယ် အထူး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းအတွင်းရှိ ပင်မဆောင်၊ အိပ်ခန်း၊ တန်းလျားများ အပါအဝင် အဆောက်အအုံ ၅ ဆောင်၊ ဘန်ကာ ၂ ခုတို့ကို မီးရှို့ ရှင်းလင်းခဲ့ကြောင်းဘလောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s