အမရပူရမြို့နယ်ထွေအုပ်ရုံးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေ သော မဟာ အောင်မြေ မြို့နယ်ရှိ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်

မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Generation Z Power Mandalay ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်က ယင်းထွေအုပ်ရုံးကို Generation Z Power Mandalay ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် SAF – မန္တလေးခရိုင် တပ်ရင်း ၄ ၊ မန္တလေးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃ ၊ TKF တို့ပူးပေါင်းကာ 79 ဖြင့် ဗုံးတစ်လုံးပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် “No More Dictatorship People Defense Force – NMD”အဖွဲ့ မဟာအောင်မြေ မြို့နယ် ၃၇လမ်း၊ ၇၄လမ်း၊ ၇၅လမ်းကြားရှိ စက်ြာနွယ်စဉ်ရပ်ကွက်ရုံး‌အတွင်း တံခါးပိတ်၍ အုပ်ကြီးများ၊ ပျူစောထီးများ၊ စစ်သားများက အတု‌ယောင် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ပြီးနောက် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ဆဲဆိုနေကြ‌ပြီး ဧည့်စာရင်း စစ်ရန် ပြင်ဆင်နေကြောင်း၊ သေဆုံးထိခိုက်မှုစာရင်းကို မသိရသေးကြောင်း “No More Dictatorship People Defense Force – NMD”ထံမှ သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s