Monthly Archives: Jan 2023

မံစီနှင့် မိုးမောက်တွင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်း ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တွေမှာရှိတဲ့ ရပ်ရွာတချို့မှာ ဒေသခံတွေသဘောမတူဘဲ တားမြစ်ဆန့်ကျင်နေတဲ့ကြားက အာဏာပိုင်တချို့ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ခရိုနီတွေက မြေရှားသတ္တုတူးဖော်ဖို့ လုပ်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆို ဇန်နဝါရီ ၁၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စီးပွားရေးသမားတွေက ခဏခဏလာပြီးတော့ စည်းရုံးနေတယ်။ ဒေသခံတွေက တားမြစ်ထားတယ်။ အဲဒီဒေသက ဘာသာရေးခေါင်းဆောင်တွေကလည်း တားမြစ်ထားတယ်” လို့ ပြောပါတယ်။

မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာရှိတဲ့ အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ဘွမ်ဆဲန်ပါ၊ ဆဒုံးဘွမ် စတဲ့ နေရာဒေသတွေမှာ မြေရှားသတ္တုတူးဖော်ဖို့ စီးပွားရေး သမားတွေက  ၂၀၂၂ စက်တင်ဘာ ၂၁ ရက်နေ့ကစ လက်ရှိအထိ မြေနေရာတွေကို စမ်းသပ်ခဲ့ပါတယ်။

ဒီနောက် ဒိန်ဆိန်းပါဒေသက ရွာတချို့မှာ တူးဖော်ဖို့ မြေနေရာ သတ်မှတ်တိုင်းတာ အမှတ်အသားလုပ်ပြီး  ဒေသခံပြည်သူလူထုတွေ သဘော ထားတူညီမှုမရှိဘဲ ပိတ်ပင်တားဆီးနေတဲ့ကြားက  မြေရှားသတ္တု တူးဖော်ဖို့နေတာလို့ ဆိုပါတယ်။

“ကျနော်တို့က ဒီနေရာ ရပ်ရွာဒေသမှာ မြေရှားသတ္တုတူးဖော်တာကို မနှစ်သက်၊ ဆန့်ကျင်တဲ့သူတွေ ဖြစ်တာကြောင့် မနက်ဖြန်အချိန်ကစ လေ ာပန်း သန်းမြင့် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်း ရပ်နားပြီး ပြောင်းရွှေ့ထွက်သွားဖို့ ဒီရပ်ရွာဒေသ ပြည်သူလူထု၊ ဒီကချင်ပြည်နယ် တခုလုံးက ပြည်သူလူထုအားလုံးကိုယ်စား ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်” လို့ ဆန္ဒဖော်ထုတ်နေတဲ့ ဗီဒီယိုဖိုင်မှာ ပြောထားပါတယ်။

မြေရှားသတ္တုတူးဖော်ယူပြီးသွားတဲ့ မြေမှာ လူတွေ ဆက်လက်နေထိုင်ဖို့ မသင့်တော်တော့တဲ့အပြင် သောက်သုံးရေတွေ သုံးမရတော့ဘဲ မြေတွေလည်း အဆိပ်သင့်ကာ ဒေသခံတွေ ရွှေ့ပြောင်းရတာမျိုး ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

အဲဒီနေရာမှာ ဆက်လက်နေထိုင်ပါကလည်း လူစင်မမီတာမျိုး၊ မျိုးဆက်ပွားမှုကို ထိခိုက်တာမျိုး ရှိသလို မြေရှားသတ္တုတူးရာမှာ သုံးတဲ့ အက်ဆစ်အမျိုးမျိုးကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ ရာသီဥတု ဖောက်ပြန်လာတာကြောင့် သက်ရှိ အပင်၊ တိရစ္ဆာန်၊ သတ္တဝါတွေ သေ ဆုံး မျိုးတုံးသွားနိုင်တာတွေ စတဲ့ မကောင်းတဲ့အကျိုးဆက်တွေရှိတဲ့အပြင် ကာကွယ်စောင့်ရှောက်ရမယ့် ဘိုးဘွားအမွေအနှစ် မြေနေရာတွေကို မကာကွယ်နိုင်ဘဲ ပျက်စီးယိုယွင်းသွားမှာလည်း စိုးရိမ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူ ဒေသခံတဦးကပြောပါတယ်။

“တနေ့နေ့ကျရင် ဒီသဘာဝပတ်ဝန်းကျင်ကြီးက ရာသီဥတုနဲ့ အကြွေးပြန်တောင်းလိမ့်မယ်” လို့  ပြောပါတယ်။

ဒေသခံ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘယ်အစိုးရကိုမှ ဆန့်ကျင်လိုခြင်း မဟုတ်ကြောင်း၊ အစိုးရရဲ့ စီးပွားရေးအကျိုးကို ပျက်စီးစေလိုခြင်း မဟုတ်ကြောင်း၊ မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ရလာမယ့် မကောင်းတဲ့ အကျိုးရလဒ်တွေကို သိမြင်လာတာကြောင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ နောင်လာနောက်သား အနာဂတ် မျိုးဆက်တွေအတွက် မျှော်တွေးပြီး မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်းတွေ ရပ်တန့်နိုင်ဖို့ ထည့်သွင်းစဉ်းစားပေးရန် ကေအိုင်အို ဗဟိုကော်မတီကိုလည်း တင်ပြထားကြောင်း သိရပါတယ်။

“ဒီပတ်ဝန်းကျင်ကို ဖျက်ဆီးလိုက်ပြီဆိုရင် နောက်ဆုံး ရေကအစ အရမ်းခက်ခဲလာမှာ။ ခု မြေရှားသတ္တုလုပ်တဲ့သူတွေက ရေတွေညစ်ပတ်ကုန်ရင် နောက်နောင် ရေကောင်းရေသန့် ဘယ်ကရမလဲ မသိတော့ဘူး” လို့ နောက်ထပ် ဒေသခံတဦးကလည်း ပြောပါတယ်။

ဒေသခံတချို့က မြေရှားသတ္တုရဲ့ အသုံးဝင်ပုံနဲ့ တန်ဖိုးကို မသိတဲ့အပြင် မြေရှားသတ္တုတူးခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေကိုလည်း မသိနားမလည်ကြဘူးလို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မြေရှားသတ္တုတူးတာက ဒီရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ သုံးဖို့ဆိုပြီး ဒေသခံတွေ တောင်းဆိုလာရင် နေရာပေးတာမျိုးတော့ တွေ့တယ်။ တချို့ဒေသခံတွေက သူတို့ရဲ့ ခြံမြေကို မြန်မာငွေ ၂ သိန်းလောက်နဲ့ သူတို့ဘာသာ ရောင်းပေးနေတာ တရုတ်တွေကို။ ကျနော်ကိုယ်တိုင်တောင် ဒါကို ဘယ်မှာသုံးလဲ ကောင်းကောင်းမသိဘူး။ ဒေသခံတွေက ဘာသိမှာလဲ။”

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဗန်းမော်ခရိုင် နယ်စပ်ဒေသတွေ အပါအဝင် ပန်ဝါဒေသတွေမှာရှိတဲ့ နေရာတော်တော်များများမှာတော့ ဒေသခံတချို့၊ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ တရုတ်ခရိုနီတွေကို မြေနေရာရောင်းပေးပြီး မြေရှားသတ္တုတူးဖော်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့လာရပါတယ်။

လွယ်ဂျယ်၊ မိုးမောက်၊ မံစီ စတဲ့ မြို့နယ်တွေရှိ တချို့နေရာတွေမှာတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ဝန်းကျင်ကတည်းက မြေရှားသတ္တုတူးဖော်တာတွေ ရှိနေပြီဖြစ်ပြီး ရေ သောက်သုံးမရတော့တဲ့အပြင် မြေအဆိပ်သင့် ပျက်စီးကာ ဘာမှလုပ်မရတော့ဘဲ ဆန်ခါ (ဇကာ) ပေါက် ပုံစံ ကျန်ခဲ့တာကို တွေ့ရပါတယ်။ DVB

ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေ ယာဉ်ဖြင့် ဗုံးလာကျဲမှုအချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူ များ ယနေ့ အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ဖြင့် ဗုံးလာကျဲရာ အားလုံး အချိန်မီ ရှောင်တိမ်း နိုင်၍ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကောလင်းမြို့နယ် ကျောက်ပြင်သာ အ နောက် တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း၊ ကျေးရွာ နေပြည်သူများက ရပ် ရေးရွာရေး ကိစ္စ ဆွေးနွေးစဉ် တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး အချိန်မီ ရှောင် တိမ်းနိုင်သဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ပြည်သူတွေက အစည်းအဝေးလုပ်နေတဲ့ ရွာဦးကျောင်းဓမ္မာရုံဘက်ကိုပစ်တယ်။ ဗုံး ၃ လုံးကျဲတာ။ အသေအပျောက်မရှိဘူး။ ပြည်သူတွေ အစည်းအဝေး လုပ်နေတဲ့အချိန် ဒါ သတင်းပေး ရှိလို့ လာပစ် တယ်ယူဆရပါတယ်။ ဓမ္မာရုံ ပျက်စီးသွားပြီးပြည်သူတွေထိခိုက်မူမရှိပါဘူး ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်သော ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ် ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

တာချီလိတ်- မယ်ဆိုင် အမှတ်(၁)တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ COVID-19 ကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တံတားပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး တာချီလိတ်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး တံတားပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“မနေ့က ဇန်နဝါရီ ၁၈ ရက်ကတည်းက တံတားကပြန်ဖွင့်မယ်ဆိုပြီး ပြောနေကြပေမယ့် မဖွင့်သေးပါဘူး။ တံတားပြန်ဖွင့်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာတော့ ကြာပါပြီ” ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတားကို ဇန်နဝါရီ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ ကြေညာထားသော်လည်း မြန်မာပြည်ဘက်အခြမ်းမှ ပြန်ဖွင့်မည့်ရက်ကို အတိအကျ မသိရသေးကြောင်း ၎င်းကဆိုသည်။

ယင်းတံတားကို COVID-19 ဖြစ်ပွားမှု ပြင်းထန်ချိန် ၂၀၂၀ ခုနှစ် မတ်လ ၂၂ရက်က စတင်ပိတ်ခဲ့ခြင်းဖြစ်ကာ သုံးနှစ်နီးပါး ပိတ်ထားဆဲဖြစ်သည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကလည်း ကိုဗစ်ကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်သည်။mizzima

မြန်မာစစ်ခေါင်းဆောင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ ငပလီတွင်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီမှာ  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ပိုလ်စရီဆာဝပ်တ်တို့ ဇန်နဝါရီ ၁၉ ရက် ဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ်ဟာ ငပလီမှာ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ​ရက်အထိ ၃ ရက်ကြာကျင်းပမယ့် ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာလို့ ဆိုပါတယ်။

အခုအစည်းအဝေးမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစစ်တပ်ကြား စစ်ဘက်ရေးရာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတွေ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဒီအစည်းအဝေးသတင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် သံတွဲမြို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့ပေါ်အနီးတဝိုက် လုံခြုံရေး တင်းကျပ်စွာ ချထားသလို လေဆိပ်သွားလမ်းတလျှောက်ရှိ စျေးဆိုင် ၂၀ ကျော် ဖြိုဖျက်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ နယ်စပ်ရှိ ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးနဲ့ တခြားစီမံချက်တွေနဲ့ပတ်သက်တဲ့ အသိအမှတ်ပြုမှုတွေ ရရှိခဲ့သလို အနာဂတ်ကာလမှာ နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မယ့် မူဘောင်တခုချမှတ်ဖို့ သဘောတူနိုင်ခဲ့ကြပြီး မြန်မာစစ်ခေါင်းဆောင်က ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ထိုင်းအစိုးရရဲ့ ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစစ်ဦးစီးချုပ် မြန်မာကို မလာရောက်မီ တပတ်အလိုမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးနဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ရဲ့ နေအိမ်ကို သိမ်းဆည်းရှာဖွေရာမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းနဲ့ သမီးဖြစ်သူအမည်ပါ ထိုင်းဘဏ်စာအုပ်ကို ထိုင်းဘက်က သိမ်းဆည်းရမိထားခဲ့ပေမဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားတာတော့ မတွေ့ရဘူးလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအစီရင်ခံစာ ထွက်ပေါ်ပြီးတဲ့နောက် စစ်ခေါင်းဆောင်နဲ့ သူ့မိသားစုပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက သေချာစုံစမ်းစိစစ်ပြီး ဖော်ထုတ်အရေးယူပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းမှုတွေ ဆက်တိုက်ပေါ်ပေါက်နေချိန်မှာ ထိုင်းစစ်ဦးစီးချုပ်ရဲ့ မြန်မာခရီးစဥ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီ ၉ ကြိမ်မြောက် အစည်းအဝေးကိုတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ်လို့ သတင်းတွေအရ သိရပါတယ်။mizzima

ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေ ယာဉ်ဖြင့် ဗုံးလာကျဲ၊ အချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူ များ ယနေ့ အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ဖြင့် ဗုံးလာကျဲရာ အားလုံး အချိန်မီ ရှောင်တိမ်း နိုင်၍ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကောလင်းမြို့နယ် ကျောက်ပြင်သာ အ နောက် တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း၊ ကျေးရွာ နေပြည်သူများက ရပ် ရေးရွာရေး ကိစ္စ ဆွေးနွေးစဉ် တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး အချိန်မီ ရှောင် တိမ်းနိုင်သဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ပြည်သူတွေက အစည်းအဝေးလုပ်နေတဲ့ ရွာဦးကျောင်းဓမ္မာရုံဘက်ကိုပစ်တယ်။ ဗုံး ၃ လုံးကျဲတာ။ အသေအပျောက်မရှိဘူး။ ပြည်သူတွေ အစည်းအဝေး လုပ်နေတဲ့အချိန် ဒါ သတင်းပေး ရှိလို့ လာပစ် တယ်ယူဆရပါတယ်။ ဓမ္မာရုံ ပျက်စီးသွားပြီးပြည်သူတွေထိခိုက်မူမရှိပါဘူး ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်သော ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ် ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ရှပ်ပုံကျေးရွာကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ကိုးလုံးနှင့် ကား တစ်စီး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပုလောဒေသခံတစ်ဦးက “ဒီနေ့မနက် စစ်တပ်ကဝင်လာပြီး မီးရှို့သွားတာ နေအိမ် ၁၀ လုံးနီးပါး ပါသွား တယ်”ဟု ပြောသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦး သေဆုံးခဲ့သည်။

“အခု ဒေသခံတွေလည်း ဖမ်းဆီးခံထားရတယ်၊ အသတ်ခံရသူတွေလည်းရှိတယ်လို့ သိရတယ်” ဟု ရှပ်ပုံ စံပြကျေးရွာမှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ရေးတင်းမားနေသည့် အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးကိုဖမ်းဆီးခဲ့ကာ သုံးဦး အသတ်ခံထားရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် ရှပ်ပုံစံပြကျေးရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် ဦးရေ ၁၀၀ နီးပါး သည် ပုလောနှင့် မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့လာကြောင်း သိရသည်။ mizzima

ရေတာရှည်တိုက်ပွဲ အပါအဝင် ပစ်ခတ်တိုက် ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေ

ဇန်နဝါရီ ၁၈ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၆၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက သွား ရောက်ပစ်ခတ်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့ပြီး တန့်ဆည်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာမြို့နယ်မှာတော့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီး မြောင်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို PDF တပ်ဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကသာမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF နဲ့ ABSDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကိုင်းမြို့နယ်မှာတော့ မိုင်းရှင်းထွက်တဲ့ စစ်ကောင်စီကား ၁ စီးကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ ၅ ယောက်ကို CDF က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲ ၁ ယောက် သေ ဆုံးပြီး ပဲခူးတိုင်း၊ ရေတာရှည်မြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တွေကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ သေဆုံးခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာတော့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို KN D F က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို PDF တပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး သံဖြူုဇရပ်မြို့နယ်မှာလည်း စစ်ကောင်စီရဲစခန်းကို PDF က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင် ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၂ ကြိမ်၊ မကွေးတိုင်းဒေသကြီးမှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

တမူးတွင် စစ်ကောင်စီလက်အောက်ခံ ရွေး ကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ စင်္ကြာက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ရွေးကေက်ပွဲကော်မရှင်ကို အ တင်းအကြပ်ဖိအားပေးနေကြောင်း၊ ထို့ကြောင့် ယင်းရွေးကောက်ပွဲကို သတိပေးတားမြစ်သည့် အနေဖြင့် အတုအယောင်ရွေးကောက်ပွဲအတွက် ပြုစုထားသော စာရွက်စာတမ်းများထိန်းသိမ်းထားသည့် တမူးရွေး ကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မရှင်ရုံးအား မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တမူးမြို့နှင့် ABSDF တပ်ရင်း ၅ (တမူး) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ဆက်နွှယ်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အဆောက် အဦကို မဆို ပြင်းထန်စွာ အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။khit thit

« Older Entries