ကမမောင်းမြို့ ဗျူဟာကုန်းနှင့် ထွေအုပ်ရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ ကမမောင်းမြို့ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် KNLA တပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။

အဆိုပါ နေရာနှစ်ခုကို နံနက် ၇ နာရီခွဲမှ ၈ နာရီအထိ ဒရုန်းစစ်ဆင်ရေးအဖြစ် သွားရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို လောလောဆယ် မသိရသေးပေ။

“ဒရုန်းတိုက်ခိုက်မှုပါ၊ မနက် ၇ ခွဲကနေ ၈ နာရီထိ ထွေအုပ်ရုံးနဲ့ ကမာမောင်းဗျူဟာကုန်းမှာပါ၊ နောက် တခုက BGF ကာကင်းစခန်း မြို့အဝင်နေရာပါ” ဟု KNLA နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကမဇ္ဈိမ ကို ပြောသည်။

KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်နှင့် ကမမောင်းမြို့နယ်အတွင်းမှ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့အတွင်း ထွက်ခွာကြရန် KNU တပ်မဟာ (၅) ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက နောက်ဆုံးအကြိမ် အမိန့်စာထုတ်ပြန်ထားသည်။

ယင်းနောက် ကမမောင်းမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် မြို့နယ်ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာခုနစ်ခုအနက် ခြောက်ခုတွင် KNU လက် အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNLA ၊ KNDO တပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s