ကသာမြို့နယ်၊ တိုက်ကုန်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက် ခိုက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအရှေ့ဘက် ငါးမိုင်ခန့်အကွာရှိ တိုက်ကုန်း ကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ ဇန်နဝါရီလ ၁၈ ရက် နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းတိုက်ပွဲတွင် တိုက်ကုန်းကျေးရွာမှ ပြည်သူတစ်ဦး ပေါင်ထိမှန်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ တပ်က လေယာဥ်ဖြင့် ပေါင် ၅၀၀ မီးလောင်ဗုံးများနှင့် ပဒေသာဗုံးများလာ ရောက်ပစ်ချခဲ့ကြောင်း မိုးဒါးလေးကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“လေယာဥ်နဲ့ ပထမအကြိမ်ဗုံးချတာ လူနေအိမ် ခုနစ်လုံးပျက်စီးတယ်၊ အမျိုးတစ်မီးတစ်ဦးလည်း ဒဏ်ရာ ရတယ်။ ဒုတိယအကြိမ်မှာတော့ ရွာထဲကို ဗုံးချတယ်။ ပြည်သူခုနစ်ဦးက နေရာမှတင်မီးလောင်သေတယ်။ ညကျတော့ ဒဏ်ရာရရှိထားတဲ့ခြောက်ဦးထဲက တစ်ဦးထပ်သေတယ်။ အိမ်ငါးလုံး မီးလောင်ပြီး ၁၂ လုံးက တော့ ပျက်စီးသွားသလို ဝက်တွေ နွားတွေလည်း သေတယ်” ဟု ဆိုသည်။
၎င်းတိုက်ပွဲသည် ၁၀ နာရီခန့်ကြာမြင့်ခဲ့ပြီး မိုးတားလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ABDS ၊ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း အပြန်အလှန်ပစ်ခတ်သံများကြားနေရပြီး မွန်းလွဲ ၁ နာရီခွဲခန့် တွင် စစ်ကောင်စီတပ်မှ လေယာဥ်နှစ်စီးဖြင့် ဗုံးများလာရောက်ပစ်ချထားခဲ့ရာ အဆိုပါ ဗုံးသီးများကြောင့် ထိခိုက်ပျက်စီးမှုအား မသိရှိရသေးဟု မိုးတားလေးဒေသခံ တစ်ဦးကပြောကြားသည်။
မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာဏာရှင်အားလုံးကို ပြည်သူ လူထုနှင့်အတူ အပြီးသတ်ချေ မှုန်းသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။mizzima