ဖလမ်း အ.ထ.က(၁)၌ ခြေကုတ်ယူထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်သား ၃ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့ အထက(၁)၌ ခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်ကို သွားရောက် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က အဆိုပါကျောင်း၌ခြေကုတ်ယူထားသည့် စစ်ကောင်စီ တပ်စိတ်တစ်စိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပြောကြားသည်။

ယင်းသို့ပစ်ခတ်ခဲ့ရာတွင် ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန်ခဲ့ကြောင်းနှင့် အနီးနားရှိ ကျောင်းသား များအပါအဝင် ပြည်သူ ၃၀ ခန့်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖလမ်းမြို့နယ်အခြေစိုက်(CNO/CNDF)မှ ဇန်နဝါရီလ ၁၉ ရက် ယနေ့တွင် ကန့်ကွက်စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုသည် CNO/CNDFနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်း အားအသိပေးခြင်းမရှိဘဲ စစ်မျက် နှာဖွင့်ခြင်းသည် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC)မှ ချမှတ်ထားသော စစ်စည်းမျည်းစည်းကမ်းများကို ချိုးဖောက်မှုဖြစ် ကြောင်း၊ နောက်နောင် ထိုသို့ပြုလုပ်ပါ က လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“CJDC မှာ စစ်စည်းမျဉ်းစည်းကမ်းရှိပါတယ်။ အခုကိစ္စကို CJDC မှာတင်သွင်းပြီး နောင်မှာ ဒေသခံ ကာကွယ်ရေးတပ်ကို အပြန်အလှန်လေး စားမှုရှိဖို့အတွက် ဆွေးနွေးရပါမယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာမျိုးလည်း ရှိပါမယ်။ ပစ်တာကို အပြစ်ပြောတာတော့မဟုတ်ဘူး ဒေသခံကာကွယ်ရေးတပ် တွေနဲ့ ညှိနှိုင်းပြီးလုပ်ရမဲ့အရာပါ” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမကို ပြောသည်။

“မြေပြင်မှာ သူတို့အချင်းချင်းချိတ်ဆက်မှု၊ ဆက်သွယ်ရေးအခက်အခဲတွေရှိလို့ဖြစ်မယ်၊ ကျနော်တို့ အနေ နဲ့ ဖလမ်းဂွင်ထဲမှာ ချိတ်ဆက်လုပ် ဆောင်မှုတွေရှိပါတယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက CNO/CNDF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ပြောဆိုသည်။

ချင်းလဲန်းပူးပေါင်းကာကွယ်ရေးအဖွဲ့(CJDC)တွင် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် မြို့နယ်နှင့် လူမျိုးစုကို ကိုယ်စားပြုသော ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အထင်မြင်လွဲမှားမှု၊ နားလည်မှုလွဲမှားမှုနှင့် သတင်းအဆက်အသွယ်မှု အခက်အခဲများ ကြုံတွေ့လာပါက CJDC တွင် ညှိနှိုင်းဖြေရှင်းလေ့ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s