ဖားကန့်တွင် အနှိပ်ခန်းပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ခုမှ ညသန်းခေါင်ယံမတိုင်ခင်အချိန်ခန့်ကဖမ်းဆီးသွားပြီး လူကွယ်ရာ၌ပစ်သတ်သွားကြောင်း ဒေသခံ များကပြောကြားသည်။

ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက် ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် အသက် (၄၇) နှစ်အရွယ် ဦးဝင်းကို(ခ)မောင်ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီခန့်က အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်တွင်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူကွယ်ရာအရောက်တွင် ပစ်သတ်ခဲ့ကြောင်း ဦးဝင်းကိုနှင့်ရင်းနှီးသူတစ်ဦးက ပြောသည်။

“စာသင်ကျောင်းအနောက်ဘက်မှာ ပစ်သတ်သွားတာဟုတ်တယ်။ ဘယ်သူတွေပစ်သွားလဲတော့ မသိ ဘူး” ဟု ပြောသည်။

အသတ်ခံရသူမှာ ဖားကန့်ဒေသတွင်အနှိပ်ခန်းဖွင့်လှစ်ထားသူဖြစ်သည့်အတွက် စစ်ကောင်စီနှင့်ပတ်သက် မှုရှိနိုင်ကြောင်း သတင်းရင်းမြစ်များကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေး ပေ။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့်ပက်သက်သူများ ဖမ်းဆီးခံရမှုနဲ့ အသတ်ခံရမှုဖြစ်စဥ်များ အများဆုံးဖြစ်ပေါ်နေသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဖားကန့်မီးသတ်ဌာနမှ ဦးစီးအရာရှိတစ်ဦးလည်း အမည်မသိလက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s