ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူကျေးရွာတွင် အ မျိုးသား ၈ ဦး၏ ရုပ်အလောင်းများစွန့်ပစ်ထားသည်ကိုတွေ့ရှိ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာအနီးတွင် အသတ်ခံထားရသည့် အမျိုးသားရှစ်ဦး၏ရုပ်အလောင်းများကို ရွာဟေ့လူ-နမ်မတွန်အကြားလမ်းဘေး၌ ဇန်နဝါရီလ ၁၆ ရက်နေ့က လာရောက်စွန့်ပစ်ထားသည်ကိုတွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားရှစ်ဦးမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က အသတ်ခံထားရဖွယ်ဖြစ်နိုင်ခြေရှိပြီး အလောင်းကို ရွာဟေ့လူကျေးရွာအနီး၌ လာရောက်စွန့်ပစ်ထားသည်ကိုတွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘုတ်ပြင်းဒေသခံတစ်ဦးက “ဘယ်အဖွဲ့က၊ ဘာကြောင့်၊ ဘာဖြစ်လို့ သတ်လိုက်တယ်ဆိုတာ မသိရသေး ပါဘူး။ သိရသလောက်ကတော့ အ စည်းအဝေးတစ်ခုကိုသွားတက်ရာကနေ အခုလိ‌ေပြန်မရောက်လာဘဲ အသတ်ခံလိုက်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

“ကျွန်မအမျိုးသားလည်း သတ်ခံရတဲ့အထဲမှာပါတယ်။ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုက သတ်လိုက်တာ ပါ၊ သူတို့က စစ်တပ်နဲ့နီးစပ်တဲ့အဖွဲ့ဖြစ်ပါတယ်” ဟု အသတ်ခံရသည့်အထဲတွင်ပါဝင်သော အမျိုးသား တစ်ဦး၏ဇနီးက ပြောသည်။

လက်ရှိတွင် အသတ်ခံလိုက်ရသည့်အမျိုးသားရှစ်ဦးအနက် တစ်ဦး၏ဇနီးမှာ အမျိုးသားအသတ်ခံလိုက်ရ သည်ဟုသတင်းကြောင့် စိုးရိမ်ပြီး မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s