မဟာမုနိဘုရားကြီး ဆိုင်ခန်းငှားရမ်းခ နှစ်ဆကျော်တိုးကောက်မှု ဆိုင်ပိတ်ပြီးဆန္ဒပြ


မန္တလေးမြို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ဆိုင်ခန်းငှားရမ်းခ နှစ်ဆကျော်တိုး ကောက်ရန်လုပ်ဆောင်လာခြင်းကြောင့် ဆိုင်ခန်းရှင်များက ဆိုင်သုံးရက်ပိတ်ပြီး ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
“ဆိုင်ခန်းခတိုးကောက်တာနဲ့ပတ်သက်ပြီး ပြဿနာတက်နေပြီ၊ နှစ်ဆကျော်တိုးကောက်တာက ဘယ်သူ မှ အဆင်မပြေဘူး၊ သူတို့သွေးတိုးစမ်းကတည်းက မပေးနိုင်ဘူးလို့ပြတ်ပြတ်သားသား ငြင်းခဲ့ကြပြီးပြီ။ အဲဒါကို ဂေါပကဥက္ကဋ္ဌက ဇွတ်လုပ်လာတာ။ ကျွန်တော်တို့ဘက်ကတော့ လုံး ၀တိုးမပေးဘူး” ဟု ဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောသည်။
ဘုရားကြီးဘဏ္ဍာတော်ပိုင် တိုက်တန်းနှင့် စောင်းတန်းတစ်လျှောက်မှစျေးဆိုင်ခန်းများအား ယခင်က ၁၆,၀၀၀ ကျပ်မှ ကျပ် ၂၀,၀၀၀ ကျော်ရှိခဲ့ရာမှ၊ နှုန်းသစ်အဖြစ် ၄၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ အထိ သတ်မှတ် ကောက်ခံရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ခန်းရှင်များက မကျေနပ် ကြောင်းဆိုင် ပိတ်ဆန္ဒပြကြပြီး သုံးရက်ဆန္ဒပြရန်စီစဉ်ထားကြောင်း သိရသည်။
“အရောင်းအ၀ယ်ပါးတဲ့ကာလမို့လို့ အဆင်မပြေကြောင်း ပြောခဲ့ပြီးပြီ။ ဒါကို ဇွတ်လုပ်လာတယ်။ သုံးရက် ဆိုင်ပိတ်ဆန္ဒပြမယ်ဆိုတော့မှ ဂေါပ ကကညှိလာတယ်။ ၀န်ကြီးတစ်ယောက်လာပြီး ညှိနှိုင်းပေးမယ်ပြော တယ်” ဟု ဆိုင်ခန်းရှင်တစ်ဦးကလည်း ပြောသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်) ဘဏ္ဍာတော်ပိုင် တိုက်တန်းနှင့် စောင်တန်း များတွင် ဆိုင်ခန်းပေါင်း ၃၆၅ ခန်းရှိပြီး ယခင်က ၁၆,၀၀၀ ကျပ်ပေးရသည့်ငှားရမ်းခကို နှုန်းထားသစ်တွင် ၄၅,၀၀၀ ကျပ်နှုန်း ပြင်ဆင်သတ်မှတ်ကြောင်း ဂေါပကအဖွဲ့မှပြီးခဲ့သည့် နို ၀င်ဘာလက ကြေညာခဲ့သည်။
ဘုရားကြီးဘဏ္ဍာငွေများအနေဖြင့် ဘုရားဖူးခရီးသည်များ၏နေ့စဉ်လှူဒါန်းငွေအပြင် ရွှေသင်္ကန်းကပ်ခြင်း၊ ရွှေမိုက်ထုတ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခ၊ ယာဉ်ရပ်နားခကောက်ခံမှုတို့မှရရှိခြင်းဖြစ်ပြီး ယခင် ပြည်သူ့အစိုးရ လက်ထက် ဘဏ္ဍာငွေရှင်းတမ်းအရ ဘဏ္ဍာငွေကျပ်သန်းပေါင်း ၁၂,၀ ၀၀ ကျော် ရှိခဲ့ကြောင်းသိရသည်။ mizzima