မြန်မာစစ်ခေါင်းဆောင်ကို အင်ဒိုဗိုလ်ချုပ်ကြီးဟောင်းဝေဖန်အရည်အချင်းရှိသူကို တိုင်းပြည်ဦးဆောင်ခွင့်ပေးရန် တိုက်တွန်း

မြန်မာစစ်တပ်အနေဖြင့် အရည်အချင်းရှိသူများကို တိုင်းပြည်ဦးဆောင်ခွင့် ပေးသင့်ကြောင်း အင်ဒို နီးရှားဗိုလ်ချုပ်ကြီးဟောင်း တိုက်တွန်းပြောဆိုလိုက်သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဆိုးသထက် ဆိုးလာနေသော ပြည်တွင်းပဋိပက္ခကြောင့် တိုင်းပြည်စီးပွားရေး ထိုးကျနေရာ မြန်မာစစ်ခေါင်း ဆောင်များ နောက်ပြန်ဆုတ်သင့်ကြောင်းလည်း ဆိုသည်။
“အစိုးရအဖွဲ့ကို စစ်တပ်ကလူတွေ အများကြီး ဦးဆောင်နေတယ်။ သူတို့က အရည်အချင်း မရှိဘူး။ ဘာဖြစ်လို့ သမ္မတလုပ်နေဦးမှာလဲ” ဟုလည်း အင်ဒိုနီးရှားအစိုးရအဖွဲ့မှ အကြီးတန်းဝန်ကြီးတစ် ဦးလည်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan က အာဏာသိမ်းခေါင်း ဆောင် မင်းအောင် လှိုင်ကို ဝေဖန်လိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိ ရေကြောင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ကြီး ဟောင်းက ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာ့အရေးနှင့် ပတ် သက်၍ အထက်ပါအတိုင်း မှတ်ချက်ပြုခြင်းဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အလွန်က အင်ဒိုနီးရှားနိုင်ငံတွင် စစ်တပ် က အစိုးရဌာနအားလုံးကို ထိန်းချုပ်ထားခြင်းကို လက်လွှတ်ကာ နိုင်ငံရေးမှခွာခဲ့သည်ကို အတုသင့် သည်ဟု Luhut Panjaitan ပြောဆိုသည်ဟု Bloomberg သတင်းဌာနက ရေးသားသည်။
“အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တဲ့အတိုင်း အရည်အချင်းရှိတဲ့သူကို တိုင်းပြည်ဦးဆောင်ခွင့် ပေးသင့်တယ်”
အင်ဒိုနီးရှားနိုင်ငံသည် ၁၉၆၆ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၀ နီးပါး တိုင်းပြည်အာဏာရယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတိုအလွန် ၁၉၉၈ ခုနှစ်၌ ဒီမိုကရေစီ ပြန်လည်ရရှိခဲ့သည်။ Panjaitan ကဲ့သို့သော စစ်ဗိုလ်ချုပ်ဟောင်းများသည် ဆူဟာတိုအလွန် အင်ဒိုနီးရှားအစိုးရအဖွဲ့တွင် ကျရာနေ ရာမှ တာဝန်ယူခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သည့် အင်ဒိုနီးရှား သည် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည်။ မြန်မာစစ်တပ်ကို အာဆီယံနှင့်ဆိုင်သော အစည်းအဝေးအားလုံးမှ ဖယ်ထုတ်ထားရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုက အဆိုပြုထားသည်။ myanmar now