သံဖြူဇရပ်မြို့နယ် ထင်းရှုးကျေးရွာ နယ်မြေရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ နယ်မြေရဲစခန်းအား ရေးပြောက်ကျားတပ်ဖွဲ့ (YGF)နှင့်ပူးပေါင်းအဖွဲ့တို့မှတိုက်ခိုက်ခဲ့ရာ ရဲ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၊ အဆင့်(င)ရှိ ထင်းရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းအား ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် YGF နှင့် ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး သတ်မှတ်ကန့်သတ်ချိန်ထက် ကျော် လွန်ခဲ့သဖြင့် စခန်းအားသိမ်းယူနိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း YGF တာဝန်ခံမှမဇ္ဈိမကိုပြော သည်။
“ကျနော်တို့ တစ်ခုခုလုပ်မယ်ဆိုရင် အကုန်တွက်ရတယ်။ ရန်သူ့စစ်ကူလာမယ့်အနေအထား၊ ဆုတ်လမ်း အတွက်အချိန် ဒါတွေပြန်တွက်ရတယ်။ အဲဒီအချိန်ထဲမှာ ကျနော်တို့ အပြီးလုပ်ရမယ်။ ထပ်တိုက်ရင်တိုက် လို့ရတယ်။ ဒါပေမယ့် အထိအခိုက်တွေရှိလာနိုင်တယ်။ အဲဒါကြောင့်ပါ” ဟု ဗိုလ်ကျန်ရစ်မှ ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရဲတပ်သား သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒေသခံကာကွယ် ရေးတပ်များမှ အထိအခိုက်မရှိကြောင်းနှင့် လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်မှ မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နှစ်ကရင်ကျေးရွာ နယ်မြေရဲစခန်း အား YGF မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတွင်းရှိ စာရွက်စာတမ်းနှင့်ပစ္စည်းများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။mizzima