အိန္ဒိယနိုင်ငံပိုင်နက်အတွင်သို့ ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း ဓာတ်ပုံသက်သေနှင့်တကွ CIC ထုတ်ပြန်


ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး CNF/CNA ဌာနချုပ် ဗစ်တိုးရီးယား စခန်းဗုံးကျဲခံရမှုတွင် အိန္ဒိယနိုင်ငံပိုင်နက်အ တွင်းသို့ ဗုံးနှစ်လုံးကျရောက်ခဲ့ကြောင်း Chinland Information Center (CIC) မှ ဓာတ်ပုံသက်သေနှင့်တကွ ထုတ်ပြန်ထားသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့ တို့တွင် အိန္ဒိယဝေဟင်ပိုင်အထိ ကျူး ကျော်ဝင်ရောက်ပြီး တိုက်လေယာဉ်များဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။
ဗုံးနှစ်လုံးမှာ အိန္ဒိယနိုင်ငံပိုက်နက်အတွင်းရှိ ကားလမ်းတစ်ခုအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးဒဏ် ကြောင့် ထိခိုက်ခဲ့သောကားမှန်ကွဲစများ နှင့် လူသွားလမ်းဝန်းကျင်တွင် ကျိုးကျခဲ့သော သစ်ပင်၊ သစ်ကိုင်း များအပြင် ဗုံးပေါက်ကွဲထားသည့်ပုံများကို ရရှိထားခြင်းဖြစ်သည်။
အဆိုပါဓါတ်ပုံများ၏တည်နေရာ၊ ဗုံးပေါက်ကွဲပုံနှင့် တိုက်လေယာဉ်အမျိုးအစားများကိုအခြေခံကာ အိန္ဒိယနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ စစ်ကောင်စီ၏တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ပုံကိုလည်း CNF/CNA ပညာရှင်များက သုံးသပ်ရေးဆွဲထားခဲ့သည်။
ရရှိထားသော အချက်အလက်များအရ ၎င်းတို့လွဲချော်ခဲ့သည့် ပစ်မှတ်မှာ CNF ၏ စက်ချုပ်ဌာန ဖြစ်နိုင် ကြောင်းလည်း သုံးသပ်ထားကြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲမှုများရှိ သည်ဟု ဒေသခံများက ၎င်းတို့၏ အစိုးရကိုတိုင်ကြားမှုများရှိခဲ့သည်။
သို့သော် လက်ရှိအချိန်ထိ အိန္ဒိယအစိုးရမှ ဝေဟင်ပိုင်နက်ကျူးကျော်မှုအပြင် ဗုံးကျရောက်ခဲ့မှုများနှင့် ပတ်သက်၍ အရေးယူခြင်း တစ်စုံတစ် ရာမရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် CNF မှ ရဲဘော်၊ ရဲမေ ငါးဦးကျဆုံးခဲ့ရကာ ဌာနချုပ်အတွင်းရှိ အရပ်ဖက် အခြေခံအဆောက်အဦးများ ပျက်စီးခဲ့ရသည်။ ထို့ပြင် လူနေအိမ်များနှင့် ဆေးကုသဆောင် တစ်ခုပါ ထိခိုက်ခဲ့သည်။
အဆိုပါကိစ္စရပ်ကို “လူမဆန်၊ သူရဲဘောကြောင်သောလုပ်ရပ်” ဟူ၍ CNF မှပြောကြားလိုက်ပြီး လူသေ ဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုလုပ်နိုင်ရန် ပံ့ပိုးထောက်ကူပေးသည့်အပေါ်လည်း “ပြင်းပြင်းထန် ထန် ရှုတ်ချကြောင်း” ထုတ်ပြန်ထားသည်။mizzima