NUG ရောင်းချမည့် ရဲရင့်နွေဦးကွန်ဒို အခန်းဝယ်ယူရန် ကြိုတင်အမှာစာပေါင်း ၃၀၀ ကျော်ရရှိထား


ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ပိုင်မြေနေရာတွင် အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဆောက်လုပ်ရောင်းချမည့် ရဲရင့်နွေဦးကွန်ဒိုအခန်းများ ဝယ်ယူရန် ကြိုတင်အမှာစာပေါင်း ၃၀၀ ကျော်ရရှိထားပြီး ဖြစ်ကြောင်း The End of Dictatorship က ဇန်န ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
စစ်ကောင်စီတပ်ပိုင်မြေနေရာကို NUGက ဉပဒေနှင့်အညီသိမ်းယူပြီး ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ် မည်ဖြစ်ကာ အခန်းများစတင်ရောင်းချမည့်ရက်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ကြိုတင်အမှာစာ ၃၀၀ ကျော်ကို ရရှိထားခြင်းဖြစ်သည်။
ဆိုပါ ရဲရင့်နွေဦး ကွန်ဒိုတည်ဆောက်မည့်မြေနေရာမှာ အချက်အခြာကျသောနေရာဖြစ်ပြီး တော်လှန်ရေး ကာလအလွန်တွင် စီးပွားရေးအဆင့်မြင့် အဆောက်အဦးများ၊ ဟိုတယ်၊ စီးပွားရေးစင်တာ စသည်ဖြင့် ဆက်စပ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း EOD ကဆိုထားသည်။
အခန်းအမျိုးအစားလေးမျိုးပါရှိမည့် ကွန်ဒိုအခန်းပေါင်း ၈၅၀ ကို ရောင်းချပေးမည်ဖြစ်ပြီး နိုင်ငံခြားသား များလည်းဝယ်ယူနိုင်ကာ တော်လှန် ရေးကာလအလွန်တွင် နွေဦးရန်ကုန်မြေကွက်၊ တိုက်ခန်းများအား နိုင်ငံခြားသားပိုင်ဆိုင်မှုခွင့်ပြုသည့် သီးသန့် အမိန့် ဒီဂရီ ဉပဒေများပြဌာန်းပေးမည်ဖြစ်ကြောင်းလည်း ထုတ် ပြန် ထားသည်။
အခန်းဝယ်ယူလိုသူများအနေဖြင့် ကွန်ဒိုတိုက်ခန်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလ အတွင်းပေးချေနိုင်ပြီး ကျန်ရှိသည့် ၆၀ ရာ ခိုင်နှုန်းကို တော်လှန်ရေးအလွန်ကာလတွင်ပေးချေနိုင်ကြောင်း သိရသည်။
တော်လှန်ရေးကာလအတွင်းပေးချေရမည့် ၄၀ ရာခိုင်နှုန်းကို လာမည့် ဧပြီလ ၂၀ ရက်နေ့အထိ သုံးကြိမ် တိုင် အရစ်ကျပေးချေနိုင်ပြီး ၄၀ ရာ ခိုင်နှုန်းအကျေပေးချေပြီးပါက ငွေပေးချေပြီးကြောင်းမှတ်တမ်းနှင့် ကနဦးပိုင်ဆိုင်မှု အထောက်အထားအဖြစ် အာမခံစာချုပ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီခေါင်းဆောင်များ မတရားသဖြင့် ရယူသိမ်းပိုက်ထားသော ပုဂ္ဂလိကပိုင်ဆိုင်မှု အိမ်၊ ခြံ၊ မြေ များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးအတွက် ရောင်းချမှုများပြုလုပ်နေခြင်းဖြစ် ပြီး Spring Yangon နှင့် Spring Mandalay တို့ကို တခဲနက်ဝယ်ယူထောက်ပို့ခဲ့ကြသကဲ့သို့ ရဲရင့်နွေဦး ကိုလည်း ဝယ်ယူကြရန် EOD ကတိုက်တွန်းထားသည်။mizzima