Monthly Archives: Jan 2023

လောင်းလုံးမြို့နယ်၌ ရွာသားများတိမ်းရှောင်၊ ပုလောမြို့နယ်က စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာက ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ရမ်းကားမှာ စိုးရိမ်လို့ ရွာခံတချို့ ရွာကနေ တိမ်းရှောင်နေကြပါတယ်။

လက်ရှိ ရွာမှာရှိနေသေးတဲ့ သကျက်တောရွာခံ လူငယ်တဦးက “စစ်တပ်က အချိန်မရွေး ပြန်ဝင်လာနိုင်လို့ စိုးရိမ်ပြီး ရှောင်ကြတာ။ စစ်တပ်လာရင်တော့ ရွာထဲမှာ ရမ်းကားမှာပဲ။ အခုလည်း စစ်ကားတွေလာနေပြီဆိုပြီး သတင်းအမှားတွေ ခဏခဏကြားရတော့ ရွာကလူတွေလည်း လန့်နေကြတာ” လို့  ပြောပါတယ်။

သကျက်တောရဲကင်းစခန်းကို ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားခဲ့ကြပြီးနောက် ၃ ရက်အကြာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောကျေးရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး လက်ရှိမှာတော့ တဝက်နီးပါး ရှောင်တိမ်းနေကြတယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။

ရွာခံအမျိုးသားတဦးက “ထပ်ပြီးရှောင်ဖို့ ပြင်နေကြတာလည်း ရှိတယ်။ ရှောင်တဲ့သူတွေတော့ နီးစပ်ရာရွာတွေက အသိတွေ ဆွေမျိုးတွေအိမ်မှာ လိုက်နေကြတာ” လို့ ပြောပါတယ်။

သကျက်တောရဲစခန်းက တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာ၊ စခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကလည်း သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင် ၂ ဦး ထန်းရည်ထွက်ဝယ်စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာခံရလို့ ၁ ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ တိုကျေးရွာမှာ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မလာနိုင်‌သေးတာကြောင့် အလုပ် အကိုင်တွေ ရပ်နားထားရပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းကစပြီး တိုကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော် နီးစပ်ရာကျေးရွာတွေကို စစ်‌ဘေးရှောင် ထွက်ပြေးနေရ‌တယ်လို့ သိရပါတယ်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုရွာကတော့ ခုထိ ရွာမှာ ပြန်မနေရဲကြသေးဘူး၊ စစ်ရှောင်နေရတုန်းပဲ။ နီးစပ်တဲ့ရွာတွေမှာ ရှောင်နေရတယ်။ အလုပ်တွေမလုပ်ရတော့ စားနပ်ရိက္ခာ‌တွေ၊ ဆေးဝါးတွေအတွက် အခက်အခဲတွေ ရှိနေကြတယ်လေ” လို့ ပြောပါတယ်။

အဆိုပါ တိုကျေးရွာမှာ နေအိမ်တွေ ဆုံးရှုံးထားတာကြောင့် ပြန်လည်နေထိုင်ဖို့ နေအိမ်မရှိတော့တဲ့အတွက် စစ်ရှောင်ပြည်သူတချို့မှာ ခက်ခဲမှုတွေ ရှိနေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“အခက်အခဲတွေက အများကြီးပေါ့၊ တိုရွာသားတွေမှာက ပြန်ဖို့နေအိမ်တွေက မရှိကြတဲ့လူတွေ များတယ်လေ။ အလုပ်ကလည်း ရွာမှာဆို‌ တော့ ရပ်နားထားရတာလေ။ ရတဲ့အလုပ် လုပ်ရင်းနဲ့ပဲ နေထိုင်စားသောက်နေရတာပေါ့။”

ဒါ့အပြင် မကြာမီရက်ပိုင်းက ပလမြို့ရဲစခန်းကနေ တိုကျေးရွာကို လက်နက်ကြီးနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ထိခိုက်တာတွေရှိတယ်လို့ သိရပါတယ်။

တိုကျေးရွာကို ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄၈ လုံး ပျက်စီးခဲ့‌ရတယ်လို့ သိရပါတယ်။DVB

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာ ၊ ရန်ကုန် တိုင်း ရွေး ကောက်ပွဲကော်မရှင်ရုံး တို့ကို ဗုံး၊ မိုင်းတို့ ဖြင့် ပစ် ခတ် တိုက်ခိုက်၊ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ NRPC ကို ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက် ခဲ့ ကြောင်း Dark Shadow (UG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ (၂၀) ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ် Dark Shadow (UG) အဖွဲ့ က ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့် မြတ်ရေး နှင့် ငြိမ်း ချမ်း ရေးဗဟိုဌာန (NRPC) ကို လက်ပစ်ဗုံး ဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်း ဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲကို အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ကို လက် ပစ်ဗုံး (၂) လုံးဖြင့် အောင်မြင်စွာ တိုက်ခိုင်နိုင်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲ ကော် မရှင် ရုံး အား အဝေးထိန်းမိုင်းဖြင့် ဆက်လက်ဖောက်ခွဲရန် ပြုလုပ် ချိန် တွင် စစ်အုပ်စု၏ နောက်လိုက်ခွေးများ ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာ ခဲ့ ကြောင်း သိရှိရသည်။

Dark Shadow(UG) အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကို တိုက်ဖျက်ရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်မှု မရှိစေရန်၊ နိုင်ငံတော်ကို လက်ဝါးကြီးအုပ် အတင်း အဓမ္မ သိမ်းယူ ထားသည့် အကြမ်းဖက် စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချရေး အတွက် ထိုမစ်ရှင်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။khit thit

မန္တလေးတွင် ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ တော်လှန်ရေးသစ္စာဖောက်အားရှင်းလင်းခြင်းဖြစ်ဟု STF-MDY ဆို

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦး၊ သေနတ်ဖြင့်ပစ်သတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခန့်က၊ ပြည်ကြီးတံခွန်မြို့နယ် ၄၈ လမ်းနှင့် လမ်း ၁၂၀ အနီးရှိ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦးကို၊ ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော Special Task Force Mandalay(STF-MDY) က ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သန့်ဇင်(ခ)ကတုံးသည် တော်လှန်ရေးရဲဘော်များအား ဒလန်လုပ်တိုင်ကြားကာ၊ မိမိခေါင်းဆောင်ပါမကျန် စကစ(စစ်ကောင်စီတပ်)နှင့်ပူး ပေါင်းကာ ဖမ်းဆီးစေခြင်းများအပြင်၊ ဖမ်းဆီးခံရသောရဲဘော်များ၏ မိသားစု၀င်များအပေါ် မတရား ဖိနှိပ်ငွေညှစ်ခြိမ်းခြောက်ခြင်း၊ မြို့ပေါ်ရှိစကစများ ဖမ်းဆီးစစ်ဆေးရာနေရာများတွင် ပူးပေါင်းပါ၀င်ခြင်းများ၊ ပြည်သူ့အသက်အိုးအိမ်အား မီးရှို့ဖျက်ဆီးရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့ခြင်းအပြင်၊ မြို့ပေါ်ကျူးဖျက်သည့်လုပ်ငန်း များအထိပါ ပါ၀င်ပတ်သက်မှုများအား၊ မြင်တွေ့နေခဲ့ရသဖြင့်၊ ၎င်းနှင့်အပေါင်းပါအား STF-MDY မှ နှုတ် ခမ်းနီ (ကျည်ဆန်) နှစ်တောင့်ဖြင့်အရေးယူလိုက်သည်” ဟု ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ပစ်သတ်ခံရသူနှစ်ဦး ဒလန်ဟုတ်မဟုတ်နှင့်ပတ်သက်၍၊ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း၊ STF-MDY အနေဖြင့် သေချာမှုမရှိလျှင်မလုပ်ကြောင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် အမှိုက်များအား ပြင်းပြင်းထန်ထန် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း STF-MDY မှဗိုလ်အနိစ္စက ဆိုသည်။

STF-MDY သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း၊ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းအရှေ့ ရပ်ကွက်ရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူကိုလည်း၊ နေအိမ်ထဲအထိ ၀င်ရောက်ပစ်သတ်ခဲ့သေးသည်။ mizzima

မန္တလေးတွင် ဧည့်စာရင်းနှင့် အိမ်ထောင်စုစာ ရင်းကောက်ယူမှု တင်းကျပ် လုပ်ဆောင်နေ

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးတာနဲ့ အိမ်ထောင်စုစာရင်း ကောက်ယူတာ‌ကို စစ်ကောင်စီက  တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နေအိမ်တွေကို ညအချိန်တွေမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဧည့်စာရင်းမတိုင်ထားရင် တရားစွဲတဲ့အထိ  အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတဦးက “ဟိုနေ့က ဝင်စစ်တယ်၊ တိုင်ထားတာ ရက်လွန်နေလို့ဆိုပြီး ဩဝါဒတွေ ခြွေသွားတယ်၊ ခံဝန်ထိုးရတယ်၊ ရောက်တာမကြာသေးလို့ မတိုင်ထားတဲ့သူတွေကိုတော့ တရားစွဲမယ်ပြောတယ်” လို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေအပြင် မန္တလေးတိုင်းအတွင်းက ကျေးရွာတွေမှာလည်း အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဒေသခံတဦးက “ထွေအုပ်ဝတ်စုံနဲ့တယောက် လာမေးတယ်။ အသက်တနှစ်ခွဲ ကလေးလေးကို မှတ်ပုံတင်ရှိလားမေးတယ်၊ အလုပ်အကိုင်ကရော မရှိဘူးလားနဲ့ မေးတယ်၊ တနှစ်ခွဲကလေးက ဘယ်လိုလုပ်ရှိမလဲ။ ပြီးတော့ နာမည်စာလုံးတောင် မပေါင်းတတ်လို့ ပြန်မေးသေးတယ်။ တွေ့ကရာလူတွေ ခေါ်ခိုင်းနေတာ ထင်တယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ် လမ်းမကြီးတွေမှာလည်း သွားလာနေတဲ့ယာဉ်တွေကို စစ်အုပ်စု၊ ရဲ၊ ယာဉ်ထိန်းနဲ့ စည်ပင်တွေ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးတာတွေ၊ ယာဉ်နဲ့ လမ်းစည်းကမ်းအတိုင်း မညီညွတ်သူတွေကို အရေးယူတာတွေ၊ လာဘ်စား ငွေတောင်းတာတွေ ပိုမိုကြပ်မတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ မီးချိတ်၊ မီးကပ်တွေ၊ သဲအိတ်နဲ့ ရေအိတ်တွေထားကြဖို့ အမိန့်ထုတ်ပြန်တာတွေရှိပြီး မီးချိတ်ပြုလုပ်တဲ့ ဝါးလုံးတွေကို ဆေးစိမ်းသုတ်ဖို့အထိ ညွှန်ကြားတာတွေ ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။DVB

မကွေး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတို့တွင် စစ် တပ်က အမျိုးသမီး ၂ ဦး အပါ အဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်

မကွေး၊ မြိုင်မြို့နယ်၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလော မြို့နယ် တို့တွင် စစ်တပ်က အမျိုးသမီး၂ ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေ ဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကိုင်းတောမရွာမှ အမှတ် ၂ စက်မှု ဝန်ကြီးဌာန မြိုင် စက်ရုံသို့ ရေပေးပို့သည့် ရေစက်တွင် အစောင့်ချ ထား သော စစ်သားများက ကိုင်းတောမရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် ကိုင်းတောမရွာမှ အမျိုးသမီးတစ်ဦး‌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ် ခတ် မှု ကြောင့် ကယားပြည်နယ်၊ မိုးဗြဲမြို့နယ်၊ ကောင်းဆောင်ရွာမှ ပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မိုးဗြဲမြို့နယ်၊ ကောင်းဆောင် ရွာ၌ နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒုန်းဒူထန်ရွာမှ စစ်ဘေးရှောင် လာ သည့် အသက် ၃၃ နှစ်အရွယ် ဒေါ်မူလင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကောင်း ဆောင် ရွာကို နှစ်ဆင့်ကွဲ အမြောက်များဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးလည်း အပြင်း အထန် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် MBPDF (၁၀၀၁) တပ်ရင်း၊ ဗဟိုနှင့်သတင်းပြန်ကြားရေးဌာန ထံမှသိရသည်။

ထို့အတူ ဇန်နဝါရီ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင်မူ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက လည်လှီးသတ်ဖြတ်၍ ရွှေဆွဲကြိုးကို လုယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က သတ်ဖြတ်လိုက်သူမှာ အသက် ၃၃ နှစ်အရွယ် ကိုလင်းလင်းဝေ (ခ) ဘူး ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်း ရွာထဲသို့ ဝင်လာချိန်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုလင်းလင်ဝေသည် ရေလုပ်သားတစ်ဦးဖြစ်ပြီး ပင်လယ် မှ ပြန်ဝင်လာချိန်တွင် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း‌ ဒေသခံများက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီး တွင် လည်း ဇန်နဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင် စီနှင့် PNO တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး လယ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် အင်အား ၅၀ ခန့် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရောက်ရှိလာသည်ဟုဆိုကာ ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်ပန်း-တီ ကျစ်-ပင်လောင်းလမ်းကိုပိတ်ခဲ့ကြောင်း၊ ည ၈ နာရီ ဝန်းကျင် ပင်လောင်းမြို့ နယ် တီကျစ်ကျေး ရွာမှ ၃ မိုင်ခန့်ကွာဝေးသော အောင်ပန်း- ပင်လောင်းလမ်းမကြီးပေါ်မှ နေ၍ ဘုရားဖြူကျေးရွာဘက်သို့ မည် သည့်တိုက်ပွဲမှမရှိဘဲ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ် မှုကြောင့် အနီးရှိ နန်းဆောင်ကျေးရွာမှ လယ်ရေသွင်းရန် လယ်ကွက်သို့ သွား ရောက်ကာ ပြန် လာသော လယ်သမားတစ်ဦး ခြေထောက်တွင် လက်နက် ထိ မှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပင်လောင်းဆေးရုံသို့ ပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက် ည ၉နာရီခွဲဝန်းကျင်အချိန် အောင်ပန်း-တီ ကျစ်-ပင် လောင်း လမ်းအတိုင်း ကားမောင်းလာခဲ့သည့် ပင်လောင်းမြို့နယ် မွေးပြင်ကျေးရွာအုပ်စု ကင်မွန်း ချူံကျေးရွာမှ ရွာသားတစ်ဦးကို စစ်တပ်က စစ်ဆေးရေးဂိတ်တွင် ကား ရပ်တန့်ခိုင်းပြီး ယာဉ်မောင်းကို ပစ်ခတ်ကြောင်း၊ ယာဉ်မောင်းသည် ဝမ်းဗိုက်အောက် အူမကြီး ထိမှန်ဒဏ်ရာဖြင့် ပစ်ခတ် ခံရသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေ သခံများက ပြောကြားသည်။

စစ်တပ်က ပစ်သတ်လိုက်သော ယာဉ်မောင်း၏ အလောင်းကို မိသားစုထံသို့ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီ၈ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပင် လောင်း သုသန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။khit thit

မော်လမြိုင်တက္ကသိုလ်အနီး ဆိုင်ခန်းများကို ဖျက်သိမ်းရန် ဖိအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ရှေ့ လေယာဉ်ကွင်းအနီးနှင့် ဦးစစ်မောင်လမ်းရှိ ဈေးဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဇန်နဝါရီလ အကုန်တွင် အပြီးဖျက်သိမ်းခိုင်းထားသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါမြေများမှာ လေယာဉ်ကွင်းပိုင် မြေများဖြစ်ရာ ဆိုင်ခန်းများမှ ငှားရမ်းထားကြခြင်းဖြစ်ကြောင်း နှင့် ယခုခါ လေယာဉ်ကွင်းစီမံကိန်းဆိုသည့် အကြောင်းပြချက်ဖြင့် ဆိုင်ခန်းများအား ယခုလကုန်တွင် အပြီးဖျက်ခိုင်းထားကြောင်း သိရသည်။

“ပြောင်းခိုင်းတာတော့ ကြာပြီ။ လေယာဉ်ကွင်းကမြေကို ငှားထားတာ။ ခုက သူတို့ဆက်မငှားတော့ဘူး။ ခုလကုန်ပြီး နှစ်ရက်နေ့လောက် အပြီးပြောင်းဖို့ လာပြောထားတယ်” ဟု ဆိုင်ခန်းဖွင့်ထားသူတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ခန်းများ ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ “အဲ့လမ်းမှာ ဆိုင် ၂၀ဝန်းကျင်လောက်တော့ရှိမယ်။ ဒီဆိုင်လေးတွေက ကျောင်းသားကျောင်းသူတွေအပေါ် မှီခိုလုပ်ကိုင်နေကြရတော့ အဲ့လိုကြီး ဖျက်လိုက်တဲ့အပေါ် ဆိုင်ရှင်တွေကို သနားတယ်။ တခြားနေရာ ရှာလို့ရတယ်ဆိုပေမယ့် ဒီနေရာလေးမှာ ဖွင့်လာတာကြာပြီဆိုတော့ သူတို့လည်း နှမြောကြမှာ” ဟု မော်လမြိင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြော သည်။

ဒေသခံတစ်ဦးကလည်း “အဲဒီဆိုင်တွေက ဖွင့်ထားတာ ကျွန်တော်မီသလောက်ဆို ၁၅ နှစ်နဲ့ နှစ် ၂၀ ကြားတော့ရှိမယ်။ ဖျက်ခိုင်းတာတော့ ကြားတယ်။ တချို့ဆိုင်တွေတော့ ဖျက်နေကြပြီ။ မနက်က ဖြတ်သွားလို့ ကြည့်လိုက်တာ နှစ်ဆိုင် ဖျက်ပြီးနေပြီ။ သိသလောက်တော့ လေယာဉ်ကွင်းအပိုင်မြေ။ ခုလေယာဉ်ကွင်းက ပြန်ဖျက်ခိုင်းတယ်လို့ ကြားတယ်” ဟု မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ဦးစစ်မောင်လမ်းရှိ စားသောက်ဆိုင်များမှာ နှစ်ပေါင်း ကြာမြင့်စွာ ဖွင့်လှစ်ထားသည့်ဆိုင်များဖြစ်ရာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်း သူကျောင်းသားအများစု ကျင်လည်ကြသည့် ဆိုင်များလည်း ဖြစ်သည်။mizzima

ဒီးမော့ဆိုမြို့နယ်၌ ရွာထဲလက်နက်ကြီးကျပြီး လူနေအိမ်နှင့် တိရစ္ဆာန်အချို့ထိမှန် 

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  ဇန်နဝါရီ ၂၀ ရက်ရက် ဒီနေ့ မွန်းလွဲပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျေးရွာတရွာပေါ် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့နဲ့ ပြည်သူတွေမွေးထားတဲ့  တိရစ္ဆာန်တချို့ ထိမှန်သွားပါတယ်။

“အခုနက ၂ နာရီဝန်းကျင်လောက်က ဖြစ်သွားတာဆိုတော့ ရွာနာမည်ကိုတော့ ပြောပြလို့ မရသေးဘူး။ နွား နှစ်ကောင်၊ ဝက် တကောင်နဲ့ အိမ်ကတော့ အနည်းအကျဉ်းပဲထိတယ်”လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားတဦးက ပြောပါတယ်။

အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ပြည်သူတွေရှိတဲ့နေရာကို ပစ်ခတ်တာတွေ လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မိုးဗြဲမြို့နယ်က စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အ မျိုး သမီးတဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၊ ၆ မိုင် စံပြ လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၉ က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က  ဒီးမော့ဆိုမြို့ အရှေ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ လူနေအိမ် ၁ လုံး ပျက်စီးသွားပါတယ်။ DVB

ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာ သား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်း ခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်း ခြောက်၊ ဟုမ္မလင်းတွင်လည်း စစ်တပ်က ပေါ်တာဆွဲ

ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကြာကန်ကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ချောင်း ဖျားစု ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက ရွာတစ်ရွာလျှင် ရွာသား ၁၀ ယောက်စီ စစ်မှုထမ်းရန် ပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုနေပြီး မပေး လျှင် ရွာကို မီးရှို့မည်ဟု ဆဲဆို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ တစ်ရွာ ၁၀ ဦး လူအင်အား မပေးရင် မဲနှိုက်ခေါ်မယ်တို့၊ ပြီးရင် ရွာတွေဝင်ပြီး မီးရှို့မယ်၊ သတ်ပစ်မယ်ဆိုပြီး စစ်တပ်က တောင်းနေတယ်။ ဆဲဆိုခြိမ်း ခြောက်နေတာပါဗျ။ ရွာလူကြီးတွေလည်း ထွက်ပြေးစရာ နေရာမရှိတော့ စိတ် ညစ်နေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ၎င်းတို့ အလိုကျ ခိုင်းရာလုပ်မည့် ပြည်သူ့စစ်ဖွဲ့ရန်အတွက် တစ်ရွာလျှင် လူ ၁၀ ဦး တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ ခြိမ်းခြောက်တောင်းဆိုနေကြခြင်းကြောင့် ရွာသားများမှာ စိုးရိမ်မှုများစွာရှိနေကြကြောင်း သိရှိရသည်။

“ရွာတွေထဲမှာ ဆူညံပွက်လောရိုက်နေကြပါတယ်။ ရွာထဲမှာ ၄၀ ကျော် ၅၀ ကျော် လူကြီးတွေက အဲ့ရွာတွေမှာ ကယ်ရီဆွဲပြီး လုပ်ကိုင်စားသောက်နေကြ ရတာပါ။ လူငယ်တွေကတော့ ပုသိမ်မြို့ပေါ် ထွက်ပြေးနေကြပါပြီ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ ကျေးရွာများကို စစ်တပ်က ခြိမ်းခြောက်၍ ရွာသားများကို အတင်းအဓမ္မ ခြိမ်းခြောက်နေကြောင်း၊ ငပုတောမြို့နယ်တွင်းရှိ ကျေးရွာများ အပြင် ချောင်းဝ အု ပ်စုတွင် ပါသည့် ရွာများနှင့် ပင်လယ်အစပ်ရှိ ရေလုပ်ငန်းလုပ်သည့် ရွာမှန် သမျှ စစ်တပ်၏ ခြိမ်းခြောက်မှု ခံနေရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် SNA ရှမ်းနီတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက လူငယ်များကို စစ်မှုထမ်းရန် အတင်းအ ကျပ် ဖိအားပေး တောင်းဆိုနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေနဲ့ ရှမ်းနီတွေက အတင်းအဓမ္မလူတောင်းနေတယ်။ ဟုမ္မလင်း ၊ သဖန်းကုန်း ကျေးရွာ မှာ SNA ရှမ်းနီတပ်မတော်က ရွာထဲဝင်‌ြီး လူတောင်း နေတယ်။ ကျေးရွာအုပ်ကြီးတွေ အတင်းခန့်နေတယ်။ ရွာဦးကျောင်း ဆရာ တော်ကို သေနတ်နဲ့ထောက်ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခိုင်းဖို့ ရွာသားတွေကို တောင်းနေတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်အစပ် ကသာ ၊ ကောလင်း၊ ထီးချိုင့်၊ ဝန်းသိုတို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ် တပ်ဘက်မှ သေဆုံးမှုများပြားနေသဖြင့် ကျေးရွာသားများကို စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

မိုင်းဆွဲခံရပြီး အထိနာသော စစ်ကောင်စီတပ်မှ ပြည်သူကို မီးရှို့သတ်

စစ်ကိုင်းတိုင်း ၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး အထိနာကာ အနီးပတ်ဝန်းကျင်ရှိပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင်များကို မီးရှို့သွားပြီး ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ရက် နံနက် ၉နာရီ ၂၀မိနစ်တွင် မုံရွာမြို့မှ စစ်ကောင်စီ တပ်သားများသည် ရွှေဘိုမြို့ဘက်မှ ဆင်းလာမည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင်များအတွက် အရာတော် – မုံရွာလမ်းပိုင်းတွင် ကြိုတင် ကင်းထောက် ၊ ကင်းပုန်းဝပ်ရာ ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲခဲ့သော်လည်းဂျန်မာ ပါသည့်အတွက် ဖောက်ခွဲမရခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရွှေဘို – အရာတော်မှ တစ်ဆင့် မုံရွာမြို့ဘက်သို့ ဆင်းလာသော ၁၂ဘီးကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိအခိုက်သေဆုံးမှု များပြားနိုင်သော်လည်း အရေအတွက်အတည်ပြုနိုင်ခြင်းမရှိကြောင်း ဆိုသည်။

“ ၁၂ဘီးကား သုံးစီးကို ဆွဲတာ ပထမပွိုင့်ကလွတ်သွားတယ် ၊ ဒုတိယပွိုင့်မှာ ကားက မိုင်းထိ ထိုးရပ်သွားပြီး အထိနာသွားတဲ့ ခွေး(စစ်ကောင်စီတပ်သား) တွေက ရမ်းသန်းပစ်တော့တာပဲ” ဟု မိုင်းဆွဲရာတွင်ပါဝင်သည့် ပုဏ္ဏကပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦး ကပြောသည်။

မိုင်းဆွဲပြီး ဆုတ်ခွာသွားသည့် ကာကွယ်ရေးတပ်ဖွဲ့များ ရှိမည်ထင်သည့် အရပ်ဘက်သို့ ရမ်းသန်းပစ်ခတ်ပြီး တောနေအိမ်နှင့် ဈေးဆိုင် ၁၀လုံးကျော်ကို စစ်ကောင်စီတပ်မှ မီးတင်ရှို့ခဲ့ကြောင်း ဆိုသည်။

၎င်းအပြင် ဆည်မြောင်းအနီး စိုက်ပျိုးရေးလုပ်နေသည့် ပြည်သူ တစ်ဦး (မိုးညို) အမည်လွှဲအား ဖမ်းဆီးစစ်ဆေးပြီး နှိပ်စက်သတ်ဖြတ်ကာ မီးရှို့သွားခဲ့ကြောင်း အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ဦးမိုးညိုသည် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင် မကြာခနဝင်ရောက်မွှေနှောက် သဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို တောအိမ်တွင် ရွှေ့ထားရာ မီးရှို့ရာတွင် အကုန်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ God Of Monywa People Defence Force ( GPDF) ၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပူးပေါင်း၍ စစ် ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီကင်းပုန်းများမှ လိုက်လံပစ်ခတ်သောကြောင့် ဗီဒီယိုမှတ်တမ်း ရယူနိုင်ခြင်းမရှိသည့်အတွက် မိဘပြည်သူများအား တောင်းပန်ထားသည်။mizzima

« Older Entries