ကြီးကန်ကျေးရွာတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြို ပကဖ က ဒရုန်းဖြင့်တိုက်ခိုက်
မကွေးတိုင်း ၊ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာတွင် ခလရ (၂၅၆) တပ်မှ ကင်းပုန်း လာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၉ ရက်နေ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြော သည်။
၎င်းက “သတင်းရတာနဲ့ နေ့လယ် နှစ်ချက်ထိုးလောက်မှာ ဒရုန်းနဲ့ အရင်ထောက်ကြည့်တာ ။ တွေ့တော့ အီနာဂါ တစ်လုံးစချတာ ဒီကောင်တွေ ထိတယ်။ ထိတော့ ဒီကောင် တွေရမ်းသန်းပစ်တယ်။ သုံးနာရီလောက်မှာ နောက်ထပ် တစ်လုံးထပ်ချတာ။ ထိခိုက် သေဆုံးမှုအခြေအနေက အတိအကျမသိရသေးဘူး ။ကျတော်တို့ ပြန်သွားပြီး ခဏနေတော့ အခင်းဖြစ်တဲ့နေရာကို နာရေးကား နှစ်စီးယောက်လာတယ်လို့တော့ သိရတယ် “ ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ရေစကြို ကားလမ်းတစ်လျှောက် ခလ၇ (၂၅၆)တပ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် လုံခြုံရေးအ တွက် ကင်းပုန်းဝပ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ရေစကြို ပကဖမှ တာဝန်ခံက ပြောသည်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုပေးနေသည့် လ၀ကရုံးကို ဝင်ရောက်စီးနင်းပြီးနောက် စာရွက်စာတမ်းများကို မီးရှို့ဖျက်စီးခဲ့သေးသည်။
စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်လေ့ရှိသည်။mizzima