စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ KNDF ထံ CDM ပြုလုပ်

စစ်ကောင်စီလက်အောက်ခံ တပ်မ-၆၆ က တပ်သား ၁ ဦးဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၁၀ ထံကို လက်နက်ခဲယမ်းနဲ့အတူ အာဏာဖီဆန် CDM ပြုလုပ်လာတယ်လို့ KNDF တပ်ရင်း-၁၀ က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ-၁၀၂ တပ်ရင်းမှာ ၆ လတာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၃ နှစ်အရွယ် တပ်သား ကိုစိုးဝင်းဟာ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်းမှာ MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၂၂၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ KNDF တပ်ရင်း-၁၀ ထံကို CDM ပြုလုပ်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေကို တပ်တွင်းဖိနှိပ်မှုတွေနဲ့အတူ မိဘဆွေမျိုးတွေကို ဆက်သွယ်ခွင့်မပေးဘဲ သတင်းအမှောင်ချထားတာတွေကြောင့် ထွက်ပြေးကာ CDM ဝင်ရောက်လာတာ ဖြစ်တယ်လို့ တပ်သား ကိုစိုးဝင်းက ပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာတဲ့ တပ်သား ကိုစိုးဝင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း-၁၀ က ဂုဏ်ပြုငွေ ကျပ် သိန်း ၃၀ ပြန်လည်ချီးမြှင့်ခဲ့ပြီး တပ်ရင်းအနေနဲ့ CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမြဲကြိုဆိုနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့အခြေစိုက် ခမရ-၁၀၂ တပ်မှ တပ်သားတဦး KNDF တပ်ရင်း-၁၀ ထံ CDM ပြုလုပ်လာပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s