ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လက်ထောက်ညွှန်မှူးဟောင်း ရွှေဝင်း ပစ်ခတ် ခံရပြီးသေဆုံးပြီဟု သတင်းထွက်၊ ပဲခူးနှင့် ချောက်မြို့နယ်တို့တွင်လည်း သတင်းပေးဟု စွပ်စွဲခံရသူ နှင့် ရာအိမ်မှူး တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေဆုံးသူ ၃ ဦးလုံးသည် မဲစာရင်း ကောက်ယူရာတွင် ဦးဆောင်သူဖြစ်


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လက်ထောက် ညွှန်ကြားရေးမှူး ဟောင်း ရွှေဝင်း ပစ်ခတ် ခံရ ပြီး သေဆုံး သွားပြီဟု သတင်းထွက်ပေါ်လာ ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီအချိန် ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ တပင်ရွှေထီးလမ်း၊ ၄၀ ဈေးတွင် ရွှေဝင်း စျေးဝယ်လာစဉ် ပစ်ခတ် ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ရွှေဝင်းသည် ကာကွယ်ရေးဝန်ကြီးဌာန၊ စာရင်း စစ်ဌာန၏ လက်ထောက် ညွှန် ကြား ရေးမှူးဟောင်း တစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ သားဖြစ်သူသည် စစ်တပ်တွင် လက်ရှိ တာဝန်ထမ်းနေသော ဗိုလ်ကြီး တစ်ဦးဖြစ်ပြီး ရွှေဝင်းသည် စစ်အာဏာ ရှင် ဆန့် ကျင်ရေး တော်လှန်ရေး ရဲဘော် များကို ဖမ်းဆီးရာတွင်လည်းကောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် မဲစာရင်း သန်းခေါင် စာရင်း ကောက်ယူရာတွင် လည်းကောင်း တက်ကြွစွာ ဦးဆောင်ပါဝင်သူဖြစ်ကြောင်း သိရှိရသည်။
“မနက် ၇ နာရီ မြောက်ဒဂုံ ၄၀ ရပ်ကွက် ၄၀စျေးထဲမှာ ပစ်ခတ်မှုဖြစ်တာ။ ပစ် တဲ့ ရဲဘော်လေးတွေ လွတ်မြောက်ပါတယ်။ အဲဒီလူက စစ်တပ် ဘက် တော် သားပဲ။ အခုတော့ သေသွားပြီလို့ သိထားပါတယ်။ သူ့အိမ်မှာတော့ နာရေး မဏ္ဍပ်ထိုးတာမရှိသေးဘူး။ အခုချိန်ထိ စစ်ခွေး တွေက လမ်းပိတ် စျေးပိတ် ထားပြီး ရှာနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း ပဲခူးမြို၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိ ၁၃ လမ်းတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် ရာအိမ်မှူး အောင်ငြိမ်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“အိမ်ထဲအထိ ဝင်ပစ်သွားတာ။ သန်းခေါင်စာရင်း လူဦးရေစာရင်း အဓိက ကောက် နေတဲ့သူပေါ့ နန်းတော်ရာရပ်ကွက်ဘက်မှာ။ သေတာက တော့ ပွဲချင်းပြီးပဲ” ဟု ရပ်ကွက်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ချောက်မြို့တွင် စစ်တပ်နှင့်ပူးပေါင်းပြီး ရွေးကောက်ပွဲ အ တွက် လူဦးရေ စာရင်ကောက်နေသည့် သတင်းပေးဟု သတ် မှတ် ခံရသူ ဘိုဘို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့ ( C.G.F- Chauk Guerrilla Force) ထံမှ သိရှိရသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ဘိုဘိုသည် သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ဘိုဘိုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးခိုင်းခြင်း ၊ခြိမ်းခြောက်ခြင်း၊ မဲစာရင်း ကောက်ခံခြင်းများ လုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit