မန္တလေးတွင် ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ တော်လှန်ရေးသစ္စာဖောက်အားရှင်းလင်းခြင်းဖြစ်ဟု STF-MDY ဆို

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦး၊ သေနတ်ဖြင့်ပစ်သတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခန့်က၊ ပြည်ကြီးတံခွန်မြို့နယ် ၄၈ လမ်းနှင့် လမ်း ၁၂၀ အနီးရှိ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦးကို၊ ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော Special Task Force Mandalay(STF-MDY) က ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သန့်ဇင်(ခ)ကတုံးသည် တော်လှန်ရေးရဲဘော်များအား ဒလန်လုပ်တိုင်ကြားကာ၊ မိမိခေါင်းဆောင်ပါမကျန် စကစ(စစ်ကောင်စီတပ်)နှင့်ပူး ပေါင်းကာ ဖမ်းဆီးစေခြင်းများအပြင်၊ ဖမ်းဆီးခံရသောရဲဘော်များ၏ မိသားစု၀င်များအပေါ် မတရား ဖိနှိပ်ငွေညှစ်ခြိမ်းခြောက်ခြင်း၊ မြို့ပေါ်ရှိစကစများ ဖမ်းဆီးစစ်ဆေးရာနေရာများတွင် ပူးပေါင်းပါ၀င်ခြင်းများ၊ ပြည်သူ့အသက်အိုးအိမ်အား မီးရှို့ဖျက်ဆီးရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့ခြင်းအပြင်၊ မြို့ပေါ်ကျူးဖျက်သည့်လုပ်ငန်း များအထိပါ ပါ၀င်ပတ်သက်မှုများအား၊ မြင်တွေ့နေခဲ့ရသဖြင့်၊ ၎င်းနှင့်အပေါင်းပါအား STF-MDY မှ နှုတ် ခမ်းနီ (ကျည်ဆန်) နှစ်တောင့်ဖြင့်အရေးယူလိုက်သည်” ဟု ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ပစ်သတ်ခံရသူနှစ်ဦး ဒလန်ဟုတ်မဟုတ်နှင့်ပတ်သက်၍၊ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း၊ STF-MDY အနေဖြင့် သေချာမှုမရှိလျှင်မလုပ်ကြောင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် အမှိုက်များအား ပြင်းပြင်းထန်ထန် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း STF-MDY မှဗိုလ်အနိစ္စက ဆိုသည်။

STF-MDY သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း၊ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းအရှေ့ ရပ်ကွက်ရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူကိုလည်း၊ နေအိမ်ထဲအထိ ၀င်ရောက်ပစ်သတ်ခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s