ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာ ၊ ရန်ကုန် တိုင်း ရွေး ကောက်ပွဲကော်မရှင်ရုံး တို့ကို ဗုံး၊ မိုင်းတို့ ဖြင့် ပစ် ခတ် တိုက်ခိုက်၊ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်
ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ NRPC ကို ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက် ခဲ့ ကြောင်း Dark Shadow (UG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ (၂၀) ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ် Dark Shadow (UG) အဖွဲ့ က ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့် မြတ်ရေး နှင့် ငြိမ်း ချမ်း ရေးဗဟိုဌာန (NRPC) ကို လက်ပစ်ဗုံး ဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်း ဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲကို အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ကို လက် ပစ်ဗုံး (၂) လုံးဖြင့် အောင်မြင်စွာ တိုက်ခိုင်နိုင်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲ ကော် မရှင် ရုံး အား အဝေးထိန်းမိုင်းဖြင့် ဆက်လက်ဖောက်ခွဲရန် ပြုလုပ် ချိန် တွင် စစ်အုပ်စု၏ နောက်လိုက်ခွေးများ ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာ ခဲ့ ကြောင်း သိရှိရသည်။
Dark Shadow(UG) အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကို တိုက်ဖျက်ရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်မှု မရှိစေရန်၊ နိုင်ငံတော်ကို လက်ဝါးကြီးအုပ် အတင်း အဓမ္မ သိမ်းယူ ထားသည့် အကြမ်းဖက် စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချရေး အတွက် ထိုမစ်ရှင်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။khit thit